သတင်းများ

ပခုက္ကူတက္ကသိုလ်၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲများကျင်းပ
Jul 14,2023
ပညာရေးဝန်ကြီးဌာန၊ အဆင်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့်ဆောင်းပါးပြိုင်ပွဲ များကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါ တက္ကသိုလ်၊ ပင်မဆောင် (Theatre)ခန်းမတွင် ကျင်းပပြုလုပ်သည်။
မိုင်းဖြတ်မြို့နယ်၌ အောင်ဇမ္ဗူဆုတောင်းပြည့်စေတီတော်မြတ်ကြီး တည်ထားကိုးကွယ်ရန် မွေတော်၊ ဓာတ်တော်များနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်း
Jul 14,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို) ကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်လျက်ရှိသည့် အောင်ဇမ္ဗူဆုတောင်းပြည့်စေတီတော်မြတ်ကြီးကို ရွှေစည်းခုံပုံတူ အသစ်ပြန်လည်တည်ထားကိုးကွယ်သွားမည်ဖြစ်ရာ မွေတော်၊ ဓာတ်တော်များ၊ အလှူငွေများ ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီက ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းတိုက်ရှိ မင်္ဂလာသီရိဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဗဟန်းမြို့နယ်၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ
Jul 14,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်များ၊ အသိပညာစွမ်းအား၊ အတတ်ပညာစွမ်းအား၊ အတွေးအခေါ်စွမ်းအားများပြည့်ဝစေပြီး လူအများရှေ့စကားပြောဆိုရာ၌ ရဲဝံ့စွာပြောဆိုဆွေးနွေးနိုင်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် စာဖတ်ခြင်းဖြင့်အသိပညာ ဗဟုသုတများနှင့်ပြည့်စုံပြီးဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များပေါ်ထွန်းလာစေရန်၊ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီတွင် ဗဟန်းမြို့နယ်အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မိုးဦးပန်းခန်းမ၌ကျင်းပသည်။
တာမိုးညဲမြို့ အခြေခံပညာအထက်တန်းကျောင်းတွင်(၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ ကျင်းပ
Jul 14,2023
ရှမ်းပြည်နယ်(မြောက်ပိုငိး)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့အခြေခံပညာအထက်တန်းကျောင်းတွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ထက်၊ လယ်၊မူအဆင့် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲကို ယမန်နေ့နံနက် (၁၀:၃၀)နာရီက အမှတ်(၅)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း သစ္စာဆောင်တွင် ကျင်းပခဲ့သည်။
အလေ့ကျပေါက်ရောက်သော ပိန္နဲပင်များမှ ပိန္နဲသီးခူးဆွတ်ရောင်းချရ၍ ဒေသခံပြည်သူများ အပိုဝင်ငွေတိုး
Jul 14,2023
မိုးဦးဇူလိုင်လတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် လမ်းဘေးပတ်ဝန်းကျင်နှင့် မြို့ပေါ်ရပ်ကွက်/ကျေးရွာ လူနေအိမ်များတွင် အလေ့ကျ ပေါက်ရောက်သော ပိန္နဲပင်များ လှိုင်လှိုင်သီးကာ မှည့်ဝင်းချိန်ဖြစ်၍ ဒေသခံပြည်သူများက ခူးဆွတ်ရောင်းချကာ မိသားစုအပိုဝင်ငွေတိုးလျက် ရှိပါသည်။
ရွှေပြည်သာမြို့နယ်၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်
Jul 14,2023
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို လက်ဝယ်အရောက်ပေးအပ်လျက်ရှိရာ ယနေ့မွန်းလွဲ(၃)နာရီအချိန်တွင် အမှတ်(၁၈)ရပ်ကွက်ရှိ အသက်(၈၅)အထက်သက်ကြီးဘိုးဘွားများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များက အိမ်တိုင်ရာရောက်‌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မောက်မယ်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များအား သတ်မှတ်စည်းကမ်းချက်နှင့်အညီရှိစေရေး ကွင်းဆင်းစစ်ဆေး
Jul 14,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် နေ့စဉ်စားသုံးနေသည့်အစားအသောက်များအား ဘေးအန္တရာယ်ကင်းရှင်းစွာ စားသောက်နိုင်ရေး၊ စားသုံးသူများ၏လိုအပ်ချက်များနှင့် အခွင့်အရေးများအပြည့်အဝရရှိစေရန်အတွက် စားသောက် ဆိုင်များအား သတ်မှတ်စည်းကမ်းချက်နှင့်အညီရှိစေရေး ယနေ့နံနက်(၉)နာရီတွင် ဌာနဆိုင်ရာများပူး ပေါင်းစစ်ဆေးရေးအဖွဲ့က မောက်မယ်မြို့ပေါ်ရှိ စားသောက်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
လွိုင်လင်မြို့ အ.ထ.က(၁)တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
Jul 14,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့၊ အ.ထ.က(၁)တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲ(၁)နာရီက ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။