တာမိုးညဲ ဇူလိုင် ၁၄
ရှမ်းပြည်နယ်(မြောက်ပိုငိး)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့အခြေခံပညာအထက်တန်းကျောင်းတွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ထက်၊ လယ်၊မူအဆင့် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲကို ယမန်နေ့နံနက် (၁၀:၃၀)နာရီက အမှတ်(၅)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း သစ္စာဆောင်တွင် ကျင်းပခဲ့သည်။
အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို အထက်တန်းအဆင့်၌ “လေးမြတ်ဂုဏ်ရည် အာဇာနည်”၊ အလယ်တန်းအဆင့်၌ “မမေ့စဉ်လာအာဇာနည်နေ့အချိန်အခါ”၊ မူလတန်းအဆင့်၌ “တို့များမမေ့နိုင် ၁၉ ဇူလိုင်”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာပြိုင်ပွဲကို အထက်တန်းအဆင့်၌ “သမိုင်းမော်ကွန်းတည် ကိုးဦးအာဇာနည်”၊ အလယ်တန်းအဆင့်၌ “အာဇာနည်မြတ်မမေ့အပ်” ခေါင်းစဉ်တို့ဖြင့် အသီးသီးကျင်းပခဲ့ကြသည်။ အာဇာနည်နေ့အထိမ်းအမှတ်ပြိုင်ပွဲများ၌ စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား/သူ(၁၇)ဦး၊ ကဗျာပြိုင်ပွဲတွင် ကျောင်းသား/သူ(၁၂)ဦး၊ စုစုပေါင်း(၂၉)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
တာမိုးညဲ(ပြန်/ဆက်)