နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း နိုင်ငံ့စီပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှု

တပ်ကုန်း ဇူလိုင် ၁၆

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာစံထွန်းဝေနှင့်တာဝန်ရှိသူများ လိုက်ပါ၍ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နှင့် တပ်ကုန်းမြို့နယ်များတွင် နိုင်ငံ့စီပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအဆင်ပြေစေရန်အတွက် ယနေ့နံနက်ပိုင်းက  လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့သည်။

ရှေးဦးစွာ ဥတ္တရသီရိမြို့နယ်၊ ဇလောင်း(တောင်)ကျေးရွာတွင် နိုင်ငံ့စီပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စီပီဝက်မွေးမြူရေးနှင့် စံပြလယ်ယာလုပ်ငန်း လုပ်ကိုင်သူ ဦးမြင့်နိုင်၊ ဦးဇင်မင်းထက်နှင့် ဦးထွန်းဝေတို့နှင့် တွေ့ဆုံ၍ မွေးမြူရေးခြံများတွင် ပတ်ဝန်းကျင်သန့်ရှင်စေရန်၊ မိုးစပါးအထွက်နှုန်းကောင်းမွန်စေရန်နှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေများကို အကျိုးရှိစွာအသုံးပြုပြီး၊ လုပ်ငန်းအောင်မြင်အောင် ဆောင်ရွက်သွားကြရန် ရှင်းလင်း မှာကြားခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းသည် တပ်ကုန်းမြို့နယ်သို့ ရောက်ရှိခဲ့ ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် တာဝန်ရှိသူများလိုက်ပါ၍  ကင်းသာ ကျေးရွာအနီး၊ ဒေါက်တာဇော်ထွန်းမြင့်၏ စီပီဝက်ခြံ၊ ကံကြီးမွေးမြူရေးဇုန်အတွင်းရှိ ဦးတွမ်ခင် ဝင်း၏  ခြံလှောင်စနစ် ဗမာနွားမွေးမြူရေးခြံ၊ နို့စားနွားမွေးမြူရေးခြံနှင့် စီပီဝက်ခြံတို့အား ကြည့်ရှု ခဲ့ပြီးနောက် လုပ်ငန်းရှင်များက လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများ ရှင်းလင်းတင်ပြခဲ့ ကြသည်။ လုပ်ငန်းရှင်များတင်ပြမှုများကို နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက သက်ဆိုင်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းကာ နိုင်ငံ့စီပွားမြှင့်တင်ရေး ရန်ပုံငွေ ဖြင့် ဆောင်ရွက်ထားသည့် လုပ်ငန်းများအောင်မြင်ရေး ဆွေးနွေးမှာကြားခဲ့သည်။ ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စိုက်ပျိုးထားသည့် မန်ကျည်းပျိုးပင်ပေါက် ပျိုးခြံ နှစ်ခြံအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ နေ့လယ်ပိုင်းတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူ များသည် ဆရာစံရပ်ကွက်အတွင်းရှိ ကံသာသဘာဝမြေဩဇာစက်ရုံ၊ စိန်စီဆီစက်နှင့်ထရန်စဖော် မာတည်ဆောက်မှု၊ ဗိုလ်မင်းရောင်ရပ်ကွက်အတွင်းရှိ မြေပဲအတောင့်ကြိတ်စက်လုပ်ငန်းရှင်များအား တွေ့ဆုံ၍ လုပ်ငန်းရှင်များက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အသေးစား၊ အငယ်စား၊ အလတ်စား(MSME) အသင်းတာဝန်ရှိသူနှင့် ချိတ်ဆက်၍ ဆွေးနွေးမှာကြားခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများ ရွေးစုကျေးရွာအုပ် စု၊ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ(KC)တွင် ရွေးစု၊ ကင်မွန်းတန်းနှင့်နွယ်ရစ်ကျေးရွာအုပ်စုများမှ စပါးစိုက်တောင်သူများနှင့်တွေ့ဆုံခဲ့သည်။

ထိုတွေ့ဆုံပွဲတွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထိန်လင်းဟန်နှင့် တာဝန်ရှိသူများက  ပန်းတိုင်အထွက်နှုန်းရရှိရေးလုပ်ငန်းစာစောင်များကို တက်ရောက်လာသည့် တောင်သူများလက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ပြီးနောက် လက်ထောက်ညွှန်ကြားရေးမှူးက စပါးသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် လိုက်နာဆောင်ရွက်ရမည့် နည်းစနစ်များ ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းညွန့်က မြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစီမံကိန်းဆောင်ရွက်ပြီးစီးမှုနှင့် မိုးစပါး စိုက်ပျိုးရေးစီမံကိန်းဆောင်ရွက်ထားရှိမှု အခြေအနေများအား power point ဖြင့် ရှင်းလင်းတင် ပြ၍လည်းကောင်း၊ စပါးဝယ်ယူကြိတ်ခွဲတင်ပို့သူ အစုဖွဲ့တာဝန်ခံ ရွှေဟိန်းဆန်စက်လုပ်ငန်းရှင် ဦးတင်ထွန်းအောင်က စပါးဝယ်ယူမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ရွေးစု၊ ကင်မွန်းတန်းနှင့် နွယ်ရစ်ကျေးရွာအုပ်စုများမှ တက်ရောက်လာသည့် စပါးစိုက် တောင်သူများက သိရှိလိုသည်များ မေးမြန်းကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်