တောင်တွင်းကြီး ဇူလိုင် ၁၇
ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်များသည် အလွယ်တကူ ဆွေးမြေ့ကြေပျက်မှုမရှိသည့်အတွက် ကမ္ဘာ့ရေထု၊ မြေထု၊ လေထုအား ညစ်ညမ်းစေခြင်း၊ အပင်များနှင့် သက်ရှိသတ္တဝါများအတွက် အန္တရာယ်ဖြစ်စေနိုင်ခြင်းတို့ကြောင့် မြို့ရွာများတွင် ပတ်ဝန်းကျင်အမြင် တင့်တယ်မှုမရှိသဖြင့် တောင်တွင်းကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ပလတ်စတစ်၊ ကြွပ်ကြွပ်အိတ် အစားထိုး စက္ကူ၊ အင်ဖက်၊ ငှက်ပျောဖက် စသည့် အခြားထုပ်ပိုးပစ္စည်းများဖြင့် အသုံးပြုရောင်းချရန်အတွက် အပတ်စဉ်တနင်္လာနေ့တိုင်း ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်များ မသုံးစွဲရေးနေ့သတ်မှတ်၍ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးလုပ်ငန်းအား ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏဈေး(ဥပုဒ်ဈေး)၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမြလင်၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီဌာနမှ တာဝန်ရှိသူများနှင့် ဈေးအကျိုးတော်ဆောင်အဖွဲ့များက ဈေးရောင်း၊ ဈေးဝယ် ပြည်သူများအား ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ် အစားထိုး အင်ဖက်၊ ငှက်ပျောဖက်၊ စက္ကူအိတ် စသည့် အခြားထုပ်ပိုးပစ္စည်းများ အသုံးပြုရောင်းချရေးအတွက် အသိပညာပေးပြောကြားခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်ကို (ပြန်/ဆက်)