သတင်းများ

(၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဗိုလ်ချုပ်အောင်ဆန်းပုံတူ ပန်းချီဆွဲပြိုင်ပွဲ ကျင်းပ
Jul 19,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကလေးများ အာဇာနည်နေ့ကို အောက်မေ့သတိရစေရန်နှင့် ဗိုလ်ချုပ်အောင်ဆန်းအား ချစ်ခင်မြတ်နိုးစိတ်များ ထက်သန်လာစေရန်ရည်ရွယ်၍ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဗိုလ်ချုပ်အောင်ဆန်း ပုံတူပန်းချီဆွဲပြိုင်ပွဲကို ယမန်နေ့  မွန်းလွဲ ၁:၃၀ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ကျိုင်းတုံတက္ကသိုလ်၌ (၇၆)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲဆုချီးမြှင့်ပွဲ ကျင်းပ
Jul 19,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊  ကျိုင်းတုံတက္ကသိုလ် ခေမာရဌ်ခန်းမ၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့်ဆောင်းပါးပြိုင်ပွဲ ဆုချီးမြင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၉:၃၀)အချိန်က ကျင်းပပြုလုပ်ရာ ကျိုင်းတုံတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာမြမြခင်နှင့် ပါမောက္ခ၊ ကထိက၊ ဌာနမှူးများ၊ နည်းပြသရုပ်ပြ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
လွိုင်လင်မြို့ အမှတ်(၃)အခြေခံပညာမူလတန်းလွန်ကျောင်းတွင် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ စာအုပ်၊ စာစောင်ပြပွဲကျင်းပ
Jul 19,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့၊ အမှတ်(၃)အခြေခံပညာမူလတန်းလွန်ကျောင်း၌ အာဇာနည်နေ့အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းအုပ်ဆရာကြီးဦးစိန်မောင်မှ အဖွင့်အမှာစကားပြောကြားပေးခဲ့သည်။
ဘားအံမြို့၊ အခြေခံပညာအထက်တန်းကျောင်း(ဒုံရင်း)တွင်  (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းမှတ် အသိပညာပေးစကားဝိုင်းနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်
Jul 19,2023
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့်(၇၆)နှစ်မြောက် အာဇာနည်‌နေ့အထိမ်းအမှတ် အသိပညာပေးစကားဝိုင်းနှင့် နံရံကပ်စာစောင်ပြပွဲကို ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ကရင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းတွင် ဘားအံမြို့၊ အခြေခံပညာအထက်တန်းကျောင်း(ဒုံရင်း)ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာန၊ ကရင်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၂၂၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
အ.ထ.ကမိုင်းနောင်ကျောင်းတွင် (၇၆)နှစ်မြောက် အာဇာနည်နေ့ ဟောပြောပွဲနှင့် ဆုပေးပွဲ အခမ်းအနား ပြုလုပ်
Jul 19,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၆)နှစ်မြောက် အာဇာနည်နေ့ ဟောပြောပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ ညနေ(၃)နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 
လယ်ဝေးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပြိုင်ပွဲများဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Jul 19,2023
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရွတ်ပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများတွင်  ထူးချွန်ဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပသည်။
လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre တွင် အာဇာနည်နေ့ အထိမ်းအမှတ် အင်္ဂလိပ်စာ ဉာဏ်စမ်းပြိုင်ပွဲနှင့် ပုံတူပန်းချီဆွဲ ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ
Jul 19,2023
(၇၆)နစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အင်္ဂလိပ်စာဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် ပုံတူပန်းချီဆွဲ ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  လူထုအခြေပြုဗဟိုဌာန ( Community Centre – Lashio) ရှိ ဘက်စုံသုံးခန်းမတွင် ယမန်နေ့နံနက်(၁၁ ) နာရီအချိန်က ကျင်းပပြုလုပ်သည်။
တာမိုးညဲမြို့တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့ ဝမ်းနည်းခြင်းအထိမ်းအမှတ်ဆောင်ရွက် 
Jul 19,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ကွတ်ခိုင်ခရိုင်၊ တာမိုးညဲမြို့၌ ၂၀၂၃ ခုနှစ် ဇူလိုင် ၁၉ ရက် (ဗုဒ္ဓဟူးနေ့)တွင် (၇၆)နှစ်မြောက်အာဇာနည်နေ့ ဝမ်းနည်းခြင်းအထိမ်းအမှတ် အနေဖြင့်  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို တိုင်ဝက်လွှင့်ထူခြင်း၊ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသည့် နံနက် ၁၀ နာရီ ၃၇မိနစ်တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားက ဥသြဆွဲ အချက်ပေးသည့် အချိန်တွင်  တာမိုးညဲမြို့ရှိ ဌာနဆိုင်ရာများ၊ မိဘပြည်သူများ၊ ယာဉ်မောင်းများ၊ သွားလာနေသည့် မော်တော်ဆိုင်ကယ် များ၊ ခေတ္တရပ်ပြီး ဟွန်းတီးခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။