မိတ္ထီလာ ဇူလိုင် ၁၈
မိတ္ထီလာမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းဆောင်ရွက် (၇၆) မြောက် ဇာနည်နေ့အထိမ်းအမှတ် အခြေခံပညာအလယ်တန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ခရိုင်လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါ ပြိုင်ပွဲအခမ်းအနားတွင်ရှေးဦးစွာ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ စာရေးဆရာ မြင့်မားအောင်က ပြိုင်ပွဲအမှတ်ပေး စည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ပြိုင်ပွဲကို ဆက်လက်ကျင်းပပြုလုပ်ရာ မိတ္ထီလာခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့် ပြိုင်ပွဲဝင်ကျောင်းသူ/ကျောင်းသား ၃၆ ဦးက ပါဝင်ယှဉ်ပြိုင်ကြသည်။ အဆိုပါပြိုင်ပွဲတွင် ဆုရရှိကြသည့် ပြိုင်ပွဲဝင် ကျောင်းသူ/ကျောင်းသားများအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
မိတ္ထီလာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲကို ဇူလိုင်လ ၁၇ ရက်နေ့မှ ၁၈ ရက်နေ့အထိကျင်းပခဲ့ပြီး ယနေ့တွင် ပြိုင်ပွဲဒုတိယနေ့အဖြစ် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ချမ်းသာ