တံတားဦး ဇူလိုင် ၁၈
လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား/သူများ ဗလငါးတန်နှင့် ပြည်စုံစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့ မြို့မအခြေခံပညာ အလယ်တန်းကျောင်း ပညာသရဖူခန်းမ၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တံတားဦးမြို့ မြို့မအခြေခပညာအလယ်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီချိုက အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သီတာခိုင်က လူငယ်များ ဗလငါးတန်နှင့် ပြည့်စုံစေပြီး အသိပညာဗဟုသုတတိုးပွားစေရန် အချင်းချင်း အသိပညာ အတတ်ပညာ ဖလှယ်နိုင်စေရန် ပူးပေါင်းဆောင်ရွက်တက်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် စဉ်းစားတွေးခေါ်မှု စွမ်းရည်များ ရင့်သန်လာစေရန် ရည်ရွယ်ပြီး လူငယ်စကားဝိုင်း ကျင်းပရခြင်း ဖြစ်ကြောင်းပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပရာ တံတားဦးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သီတာခိုင် ဦးဆောင်ကာ မြို့မအခြေခံပညာ အလယ်တန်းကျောင်း Grade-8 မှ ကျောင်းသားမောင်လင်းခန့်ကျော်ဇင်က လူငယ်နှင့် စာပေခေါင်းစဉ်ဖြင့်၎င်း ၊ Grade -9 မှ ကျောင်းသူ မအိမ့်သီရိဆွေက လူငယ်နှင့်အခန်းကဏ္ဍ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade – 8 မှ ကျောင်းသားမောင်ခန့်သီဟက လူငယ်နှင့်အနာဂတ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade -9 မှ ကျောင်းသူမသီတာစဉ်က လူငယ်နှင့်စာဖတ်ဝါသနာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade - -8 မှ ကျောင်းသား မောင်ကောင်းခန့်အောင်က လူငယ်နှင့်နည်းပညာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade -9 မှ ကျောင်းသူ မချယ်ရီလွင်က ပညာခေတ်မှာပညာရှာ ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြောင်းသိရသည်။
ရဲတင့် (တံတားဦး)