ဘူးသီးတောင် ဇူလိုင် ၁၈
ဘူးသီးတောင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနနှင့် တောင်သူများပူးပေါင်းသည့် စုပေါင်းထွန်ယက်ပွဲကို ယနေ့နံနက်(၉)နာရီက လက်ဝဲဒက်ပြင်ရှည် ကျေးရွာအုပ်စု ကွင်းအမှတ် (၂၇၀-E)၊ လက်ဝဲဒက်မြောက်ကွင်း ဦးပိုင်အမှတ်(၄၆)၌ ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့စုပေါင်းထွန်ယက်ရာတွင် လက်ဝဲဒက် ပြင်ရှည်အုပ်စုကွင်းအမှတ်(၂၇ဝ-E)၊ လက်ဝဲဒက်မြောက်ကွင်းဦးပိုင်အမှတ် (၄၆) ဦးမောင်လှမြင့် ပိုင်လယ်မြေဧရိယာ(၅၄)ဧကတွင် မြို့နယ်စက်မှု လယ်ယာဦးစီးဌာနမှ ထွန်စက်အကြီး (၂)စီး၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ထွန်စက်အကြီး(၁)စီး၊ တောင်သူများ၏ လက်တွန်းထွန်စက်(၃)စီးတို့ဖြင့် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းက တောင်သူများအား မိုခါမုန်တိုင်းအလွန်ကာလအတွင်း နိုင်ငံတော်အစိုးရမှဆောင်ရွက်ပေးနေမှုများ၊ လေဘေးသင့်တောင်သူများအားမိုးစပါးများ ထောက်ပံ့ပေးနေမှုများနှင့် စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)မှ သီးနှံမျိုးစေ့များပေးအပ်ခဲ့မှုများကို ရှင်းလင်းပြောကြားခဲ့သည်။
ဘူးသီးတောင်မြို့နယ်အတွင်း မိုးစပါးလျာထားချက်မှာ (၅၃၉ဝ၂)ဧကရှိရာ ယနေ့အထိမြေပြင်ဧကမှာ (၄၉၅၅၃)ဧကဖြစ်ပြီး ပျိုးထောင်ပြီးဧက(၂၂၅၅၅) ဧကနှင့် စိုက်ပျိုးပြီးဧက(၁၅၇ဝ၉)ဧကဖြစ်ကြောင်း၊ ယခုနှစ်တွင် ကာလတိုစိုက်ဧကထက်(၁၀၄)ဧက ပိုမိုစိုက်ပျိုးပြီးဖြစ်ပါကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ညီထံမှ သိရသည်။
အဆိုပါစုပေါင်းထွန်ယက်ပွဲသို့ ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း၊ ဘူးသီးတောင်တပ်နယ်မှူး ဗိုလ်မှူးကြီးတင်မိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်စက်မှုလယ်ယာ ဦးစီးဌာနတို့မှ မြို့နယ်ဦးစီးမှူးများနှင့်ဝန်ထမ်းများ၊ တောင်သူများတက်ရောက်ခဲ့ကြသည်။
မြို့နယ်(ပြန်/ဆက်)