တောင်သာ ဇူလိုင် ၁၈
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ဗျိုင်းအင်းကျေးရွာ၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်သော လေးလက်မခွဲ စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းကို ယမန်နေ့က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကျေးရွာရေကော်မတီဝင်များ လိုက်ပါလျက် စက်ရေတွင်း ပေ ၂၂၀ ထိတူးဖော်ထားရှိမှု၊ စက်ရေတွင်း၌ အသုံးပြုမည့် Pump နှင့် Motor အမျိုးအစား ၊ သုံးစွဲထားသည့် အင်ဂျင်/ဒိုင်နမိုအမျိုးအစား၊ တွင်း Cover Pipe ချထားမှုအခြေအနေနှင့် ရေစမ်းသပ်မောင်းနှင်ရာတွင် ရေထွက်နူန်း တို့အား စစ်ဆေးခဲ့ကြပြီး သတ်မှတ်စံချိန် စံညွှန်းတို့နှင့်အညီ သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးနိုင် ရေး လုပ်ငန်းဆောင်ရွက်ခွင့်ရရှိသူ Bihope Co.,Ltd မှ တာဝန်ရှိသူများအား မှာကြားခဲ့သည်။
အဆိုပါ ဗျိုင်းအင်းကျေးရွာ လေးလက်မခွဲစက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းကို တင်ဒါ အောင်မြင့်သည့် Bihope Co.,Ltd က တင်ဒါအောင်မြင်ငွေ ၃၃.၉၅၇ သန်းဖြင့် စက်ရေတွင်းနှင့် ဆက်စပ်လုပ်ငန်းများဖြစ်သည့် ဂါလံ ၂၀၀၀ ဆံ့ ရေလှောင်ကန်၊ အလျား ၁၀ပေ၊ အနံ ၈ ပေ၊ အမြင့် ၈ ပေရှိ ရေစက်ရုံနှင့် ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်း ပေ ၂၀၀၀ လုပ်ငန်းတို့အား ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရပြီး လုပ်ငန်းအားလုံးဆောင်ရွက်ပြီးပါက အိမ်ခြေ ၆၅ အိမ်၊ လူဦးရေ ၃၈၅ ဦးအတွက် သောက်သုံးရေဖူလုံနိုင်တော့မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူးထံက သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)