ပုလော ဇူလိုင်လ ၁၈
တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်ခန့်က ရှပ်ပုံကျေးရွာ (မူလွန်-အဏ္ဏဝါ)ကျောင်း ပြိုကျပျက်စီးသွားခဲ့သည်။
မြို့နယ်အတွင်း ယနေ့နံနက်ပိုင်းက မိုးသည်ထန်စွာရွာသွန်းပြီး လေပြင်းထိုက်ခတ်မှုကြောင့် ရှပ်ပုံကျေးရွာ (မူလွန်-အဏ္ဏဝါ) ကျောင်းဝန်းအတွင်းရှိ အလျား ၉၀ ပေ၊ အနံ ၃၀ ပေရှိ မြေစိုက်ဓနိမိုး၊ ယိုင်ကာ ယာယီကျောင်းဆောင်တစ်ခု ပြိုကျပျက်စီးခဲ့ကြောင်းနှင့် လူနှင့် တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်း သိရသည်။
ပြိုကျပျက်စီးသွားသည့်ကျောင်းဆောင်အား ရှပ်ပုံကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ ရှင်းလင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အေးအေးမော်(ပုလော)