တောင်ပြိုလက်ဝဲ ဇူလိုင် ၁၈
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့မွန်းလွဲ ၁၂ နာရီအချိန်က တောင်ပြိုလက်ဝဲမြို့ အ.ထ.ကကျောင်းခန်းမ၌ (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် တောင်ပြိုလက်ဝဲမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ဆရာဦးထိန်မင်းထွန်းက အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲ ကျင်းပပြုလုပ်ရ၏ ရည်ရွယ်ချက်များအား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးဦးသိန်းနိုင်က အာဇာနည်နေ့ဖြစ်ပေါ်လာပုံ၊ အာဇာနည်စိတ်ဓာတ်နှင့် ဗိုလ်ချုပ်အောင်ဆန်း၏ အကြောင်းအရာများကို ကျောင်းသား/ကျောင်းသူများ အားကျအတူယူဖွယ်ဖြစ်အောင် ဟောပြောဆွေးနွေးခဲ့ရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ နားထောင်ခဲ့ကြသည်။ ၎င်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းစင်းပြသထားသော နံရံကပ်စာစောင်နှင့်ဓာတ်ပုံများကို ကြည့်ရှုလေ့လာခဲ့ကြ ကြောင်း၊ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲသို့ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ (၆၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သိန်းနိုင်(ပြန်/ဆက်)