ကျိုက်ဒုံမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်

ကျိုက်ဒုံ ဇူလိုင် ၁၈

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယမန့်နေ့ မွန်းလွဲ ၁ နာရီက ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျိုက်ဒုံမြို့ဦးစီးမှူး ဦးကျော်လင်းနိုင်နှင့် စာကြည့်တိုက်မှူး ဒေါ်နန္ဒာလှိုင်တို့မှ ကလေးသူငယ်တို့၏ အခွင့်အရေးများအကြောင်း၊ အလုပ်ရှင်များအတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာမူများ၊ ကလေးသူငယ်များအား လျစ်လျူရှုခြင်း၊   ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်း၊ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်း၊ အကြမ်းဖက်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊  ကလေးသူငယ်တိုင်း ပညာသင်ကြားခွင့်ရရှိစေရေးစသည့် အကြောင်းများကို  အကျယ်တစ်ဝင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

သန်းထွန်းနိုင်(ကျိုက်ဒုံ)