သတင်းများ

ကျောက်ဆည်မြို့နယ်၊ ပတ္တာကျေးရွာတွင် ပန်းမုန်လာသီးနှံ စိုက်ပျိုးရောင်းချသူများအဆင်ပြေ
Jul 25,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများသည် ဆန်စပါးနှင့်အတူ ငရုပ်၊ ကြက်သွန်၊ ဝါသီးနှံများအပြင် ဆီထွက်သီးနှံအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ ဟင်းသီး၊ ဟင်းရွက်နှင့် သီးပင်၊ စားပင်များ တွဲဖက်စိုက်ပျိုးလျက်ရှိရာ ပတ္တာကျေးရွာတွင် ပန်းမုန်လာသီးနှံစိုက်ပျိုး ရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
စုကလိမြို့နယ်တွင် စာဖတ်ဝိုင်း ကျင်းပ
Jul 25,2023
စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club)မှ ဦးဆောင်၍ စာအုပ်စာပေ ဖတ်ရှုပြီး အသင်းအဖွဲ့ဖြင့် ပြန်လည်ဆွေးနွေးတတ်စေရန် စာအုပ်ပါ အကြောင်းအရာများအား ပူးပေါင်းဆောင်ရွက်တတ်စေရန် ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းအား ယမန်နေ့ မွန်းလွဲပိုင်းအချိန်က  ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန စုကလိမြို့ရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာရေးဆရာလယ်တွင်းသားစောချစ်ရေးသားသည့် ပန်းလိုချင်အပင်ကို ပျိုးတတ်မှ စာအုပ်ဖြင့် စာဖတ်ဝိုင်းအား ကျင်းပပြုလုပ်ခဲ့ပါသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ဦးရဲကျော်သူကျောင်းတိုက်အတွင်း ထိခိုက်ပျက်စီးခဲ့မှု အခြေအနေများကို လှည့်လည်ကြည့်ရှု
Jul 25,2023
ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင်  စစ်တွေမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ဦးရဲကျော်သူကျောင်းတိုက်အတွင်း ထိခိုက် ပျက်စီးခဲ့မှု အခြေအနေများကို လှည့်လည်ကြည့်ရှုကြသည်။
ပုဏ္ဏားကျွန်းမြို့နယ်တွင် ဌာနဆိုင်ရာများက ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိ
Jul 25,2023
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်၌ ဌာနဆိုင်ရာများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယမန်နေ့၊ နေ့လယ်ပိုင်းက ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်ပြီးနောက်ပိုင်းတွင် ပြန်လည် ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးအတွက် နတ်ဆိပ်ကျေးရွာအုပ်စုသို့ ကွင်းဆင်း၍ ကျေးရွာသူ၊ ကျေးရွာသားများနှင့် တွေ့ဆုံခဲ့ကြသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ရှေးဦးပြုစုခြင်း (သာမန် အဆင့်) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်
Jul 25,2023
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ရှေးဦးပြုစုခြင်း (သာမန်အဆင့်) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်တက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမ၌ ကျင်းပသည်။
ဝါးခယ်မမြို့နယ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများဆက်လက်ထုတ်ပေး
Jul 25,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ၀ါးခယ်မမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို လစဉ် ၂၁ ရက်နေ့မှစ၍  ရုံးချိန်အတွင်း မြန်မာ့စီးပွားရေးဘဏ်ခွဲရှိဝန်ထမ်းများက ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ချောက်မြို့နယ်၌ ​နေကြာမျိုး​စေ့နှင့် ချည်မျှင်ရှည်ဝါမျိုးစေ့ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ
Jul 25,2023
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ ၂၀၂၃-၂၀၂၄ခုနှစ်၊ နေကြာမျိုး​စေ့နှင့် ချည်မျှင်ရှည်ဝါမျိုးစေ့ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် ဌာနဆိုင်ရာ တာ၀န်ရှိသူများသည် ဘုန်းတော်ကြီးကျောင်းများ၊ နေအိမ်များ တည်ဆောက်နေမှုများနှင့် နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်ထားသော မိုးစပါးစိုက်ပျိုးရန်အတွက် မြေပြုပြင်ထွန်ယက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး
Jul 25,2023
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် ဌာနဆိုင်ရာ တာ၀န်ရှိသူများသည် မုန်တိုင်းဘေးကြောင့်‌ လေဘေးသင့်ပြီး ပျက်စီးခဲ့သော ကျေးရွာများတွင် ထပ်မံရောက်ရှိလာသော ဆန်ရိက္ခာခွဲဝေနေမှု၊ ဘုန်းတော်ကြီးကျောင်းများနှင့် နေအိမ်များ တည်ဆောက်နေမှုများနှင့် နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်ထားသော ကျားပျံမိုးစပါးစိုက်ပျိုးရန်အတွက် မြေပြုပြင်ထွန်ယက်နေမှုများအား ယမန်နေ့နေ့လယ်ပိုင်းက မြေပြင်ကွင်းဆင်း လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။