ချောက်မြို့နယ်၌ ​နေကြာမျိုး​စေ့နှင့် ချည်မျှင်ရှည်ဝါမျိုးစေ့ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ

ချောက် ဇူလိုင် ၂၅

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ ၂၀၂၃-၂၀၂၄ခုနှစ်၊ နေကြာမျိုး​စေ့နှင့် ချည်မျှင်ရှည်ဝါမျိုးစေ့ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ မျိုးစေ့ထောက်ပံ့ပေးအပ်ပွဲတွင် ချောက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးကျော်က အဖွင့်အမှာစကား​ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်က ချည်မျှင်ရှည်ဝါတိုးချဲ့စိုက်ပျိုး​ထုတ်လုပ်​ရေးနှင့် နေကြာအထွက်နှုန်းတိုးတက်ရေးကိုလည်းကောင်း၊ မြို့နယ်စိုက်ပျိုး‌ရေးဦးစီးဌာန၊ ဦးစီးမှူး‌ ဒေါ်အေးမြင့်မြတ်သင်က နေကြာမျိုး​စေ့နှင့် ချည်မျှင်ရှည်ဝါမျိုးစေ့ထောက်ပံ့ရခြင်း၏ ရည်ရွယ်ချက်အားလည်းကောင်း အသီးသီး ရှင်းလင်းဆွေး​နွေး​ပြောကြားခဲ့သည်။

ထို​နောက် ​နေကြာမျိုးစေ့နှင့် ချည်မျှင်ရှည်ဝါမျိုးစေ့များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်၊ မြို့နယ် စိုက်ပျိုး‌ရေးဦးစီးဌာန၊ ဦးစီးမှူး‌ ဒေါ်အေးမြင့်မြတ်သင်းတို့က​ ကျေးရွာအုပ်စုအုပ်ချုပ်​ရေးမှူးများနှင့်​တောင်သူများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

နေကြာမျိုး​စေ့​များအား သစ်တိုကန်၊ သြဇာ​တော၊ ကျွဲတပ်၊​ ချောင်းတက်၊ စလင်း​တောင်၊​ဇောင်းတောကန်၊​ သွေးနက်၊ ဥယျာဥ်အုပ်စုရှိ​တောင်သူများအား​​လည်း​ကောင်း၊ ချည်မျှင်ရှည်ဝါမျိုးစေ့များအား ဇောင်းတောကန်၊ ချောင်းတက်၊ ရသစ်၊ မကျီးကုန်း၊​တောင်သာ၊ ပခန်းငယ်၊ စလင်း​တောင်ဆူးရစ်ကန်အုပ်စုရှိ တောင်သူများအားလည်း​ကောင်း ထောက်ပံ့ပေးအပ်ခဲ့သည်။

ထောက်ပံ့ပေးအပ်သည့် နေကြာမျိုး​စေ့​များမှာ ရေဆင်းစပ်မျိုး ၁၊ ဆင်း​ရွှေကြာ ၂ မျိုး​စေ့များဖြစ်ပြီး   စုစုပေါင်း (၂၄၅)ဧကအတွက် ထောက်ပံ့ပေးအပ်ခဲ့ပြီး ချည်မျှင်ရှည်ဝါမျိုးစေ့များမှာ ရွှေ​တောင် ၈၊ ​ရွှေ​တောင် ၁၀၊ ​ငွေချည် ၁၁ မျိုး​စေ့များဖြစ်ပြီး စုစုပေါင်းမျိုးစေ့(၁၇၇၂)ပိဿာ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)