စုကလိ ဇူလိုင် ၂၅
စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club)မှ ဦးဆောင်၍ စာအုပ်စာပေ ဖတ်ရှုပြီး အသင်းအဖွဲ့ဖြင့် ပြန်လည်ဆွေးနွေးတတ်စေရန် စာအုပ်ပါ အကြောင်းအရာများအား ပူးပေါင်းဆောင်ရွက်တတ်စေရန် ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းအား ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန စုကလိမြို့ရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာရေးဆရာလယ်တွင်းသားစောချစ်ရေးသားသည့် ပန်းလိုချင်အပင်ကို ပျိုးတတ်မှ စာအုပ်ဖြင့် စာဖတ်ဝိုင်းအား ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြို့ရုံးမှ စာကြည့်တိုက် လက်ထောက် -၃ ဒေါ်ပိုပိုအောင်က စာဖတ်ဝိုင်းပြုလုပ် ကျင်းပသည့် ရည်ရွယ်ချက်များကို ပြောကြားပြီးနောက် စာအုပ်စာပေချစ်သူများအဖွဲ့ (Book Club) အဖွဲ့ဝင်တစ်ဦးဖြစ်သူ နော်မူးမူးက စာမျက်နှာ ၄၈ တွင် ရေးသားထားသော ကလေးနှင့် ကျောင်းထားချိန် ဆောင်းပါးအားလည်းကောင်း၊ ထို့နောက်အဖွဲ့ဝင် နော်ဟဲနေဒါးက စာမျက်နှာ ၉၅ ပါ မိဘဆရာ ပူးပေါင်းကလေးပညာကောင်း ဆောင်းပါးဖြင့်လည်းကောင်း၊ အသင်းဝင် မနှင်းစန္ဒာက စာမျက်နှာ ၁၆၃ ပါ ကလေးနှင့်အနုပညာကို ခံစားခြင်း ဆောင်းပါးတို့ကို အပြန်အလှန် ဆွေးနွေးပေးခဲ့ကြသည်။
စာဖတ်ဝိုင်းများအား ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန စုကလိမြို့ရုံးအနေဖြင့် တစ်လလျှင် ၂ ကြိမ်ခန့် (Book Club) အဖွဲ့ဝင်များဖြင့် ပူးပေါင်း၍ ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပိုပိုအောင်(ပြန်/ဆက်)