Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ပွင့်ဖြူမြို့နယ် ရွာခိုင်ကျေးရွာ မဟာဃောသိတာရုံ ဘုရားအဝင် မြေသားလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နေမှု ၉၅ ရာခိုင်နှုန်းခန့် ပြီးစီး
Jul 25,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ရုံလေးရုံဘုရား (၄)ဆူတွင် တစ်ဆူအပါအဝင်ဖြစ်သည့် ရွာခိုင်ကျေးရွာရှိ ဃောသိတာရုံဘုရားအဝင်မြေသားလမ်းအား ဒေသခံပြည်သူများနှင့် ရပ်ဝေးရပ်နီးမှ ဘုရားဖူးလာပြည်သူများ ရာသီမရွေး အဆင်ပြေစွာ သွားလာဖူးမြော်ကြည်ညိုနိုင်ရန်အတွက် ယခု ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နေမှုလုပ်ငန်းမှာ ၉၅ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးပြီဖြစ်၍ မကြာမီ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးတော့မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
နောင်ချိုမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ဆက်လက်ထုတ်ပေး
Jul 25,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို လစဉ်(၂၁)ရက်နေ့မှ စတင်၍ ပုံမှန်ထုတ်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင်လည်း ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တပ်ကုန်းမြို့၌ သီးနှံစိုက်ပျိုးမှုအဆင်ပြေစေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ တောင်သူများနှင့်တွေ့ဆုံ
Jul 25,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ကျေးချောင်းကျေးရွာအုပ်စု၊ ကျေးချောင်း(မ)ရွာတွင် နေပြည်တော်ကောင်စီ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် အဖွဲ့ဝင်များ သီးနှံစိုက်ပျိုးမှုအဆင်ပြေစေရန် တောင်သူများနှင့် တွေဆုံခြင်းကို ယနေ့နံနက် ၁၁ နာရီခွဲက အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သထုံမြို့၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်
Jul 25,2023
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဌာနတို့ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းတို့ကို ယမန်နေ့ မွန်းလွဲပိုင်းက သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရသည့် အိမ်ထောင်စု(၁၀)စုအတွက် ထောက်ပံ့ငွေနှင့် ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်
Jul 25,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်များ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရသည့် အိမ်ထောင်စု (၁၀)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေနှင့် ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဇေယျာသီရိမြိုနယ်၌ စားသုံးဆီတစ်ပိဿာလျှင် ၄၅၀၀ ကျပ်နှုန်းဖြင့် ပိဿာချိန် ၃၇၅ စားသုံးသူများလက်ဝယ်အရောက် ရောင်းချပေး
Jul 25,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်စားသုံးသူရေးရာဦးစီးဌာနမှ နေပြည်တော် ဆီကုန်သည်အသင်းဝင်များဖြင့် ပူးပေါင်း၍ ဇေယျာသီရိမြိုနယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများသို့ စားသုံးဆီတစ်ပိဿာလျှင် ၄၅၀၀ ကျပ်နှုန်းဖြင့် စားသုံးသူများလက်ဝယ်အရောက် ယမန်နေ့မွန်းလွဲပိုင်းတွင် ရောင်းချပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
သထုံမြို့၊ ရှမ်းစုအခြေခံပညာမူလတန်း(လွန်)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေး
Jul 25,2023
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက သထုံမြို့၊ နန်းခဲရပ်ကွက်ရှိ ရှမ်းစု အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးပြီး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မူဆယ်မြို့၊ ပြည်သူ့ဆေးရုံကြီးတွင် မွေးကင်းစမှ (၁)နှစ်ခွဲအရွယ်အထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များကို လစဉ်လတိုင်း ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများ ဆောင်ရွက်
Jul 25,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)မူဆယ်မြို့၊ ပြည်သူ့ဆေးရုံကြီးတွင် မွေးကင်းစမှ (၁)နှစ်ခွဲ ကလေးငယ်များအား ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များ ကိုယ်ဝန်(၄)လအရွယ်မှစ၍ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို လစဉ်လတိုင်း စဉ်ဆက်မပျက် ဆောင်ရွက်ပေးလျက်ရှိပါသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
10273
Page
10274
Page
10275
Page
10276
Current page
10277
Page
10278
Page
10279
Page
10280
Page
10281
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department