မှော်ဘီမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) စီမံချက်ရေးဆွဲနည်း သင်တန်းဖွင့်လှစ်
Jul 30,2023
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ကို မြို့နယ် အတွင်းရှိ ကျေးရွာ(၁၂)ရွာတို့တွင် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပြီး ကျေးရွာ (၁၂)ရွာတို့မှ စီမံကိန်းကော်မတီဝင်များအားကျေးရွာဖွံ့ ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) စီမံချက်ရေးဆွဲခြင်းနှင့် ရန်ပုံငွေသုံးစွဲရေး အစီအစဉ် (AVIP)သင်တန်းကို အဆိုပါဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ဇူလိုင်လ(၂၈)ရက်နေ့ နံနက်ပိုင်းက ဖွင့်လှစ်သင်ကြားပေးသည်။