သတင်းများ

နယ်စပ်ဒေသတောင်တန်းသာသနာပြု ရွှေမောင်းသီလရှင်စာသင်တိုက်၏ ဝါဆိုသင်္ကန်းဆက်ကပ်ပွဲနှင့် အစိုးရပါဠိပထမပြန်စာမေးပွဲ စာအောင်သီလရှင်များအား ဂုဏ်ပြုပူဇော်ပွဲ ကျင်းပ
Jul 30,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ် အမှတ်(၅)ရပ်ကွက်ရှိ နယ်စပ်ဒေသ တောင်တန်းသာသနာပြု ရွှေမောင်းသီလရှင်စာသင်တိုက်၏ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲနှင့် ၂၀၂၃-ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ၌ စာအောင်သီလရှင်များအား ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနားကို ဇူလိုင်လ ၃၀ ရက် နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။
ကျောက်ဆည်မြို့နယ်တွင် စိုက်ပျိုးရေများပေးနေသည့် စော်ဘွား(က)မြောင်း ရေရှည်ကြံ့ခိုင်ရေးနှင့် စိုက်ပျိုးရေများလေလွင့်ဆုံးရှုံးမှုမရှိစေရေး ရေသွယ်လျောက်တစ်ခုအား ပြန်လည်ပြုပြင်
Jul 30,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျေက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တောင်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြောင်းများကြံ့ခိုင်ရေးနှင့် စိုက်ပျိုးရေများပြည့်ဝစွာပေးဝေနိုင်ရေး လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၌ စိုက်ပျိုးရေများပေးဝေနေသည့် စော်ဘွား(က)မြောင်း ရေရှည်ကြံ့ခိုင်ရေးနှင့် စိုက်ပျိုးရေများလေလွင့်ဆုံးရှုံးမှုမရှိစေရေး ရေသွယ်လျောက်တစ်ခုအား ပြန်လည်ပြုပြင်ပေးခဲ့ကြောင်း သိရသည်။
ပင်လောင်းမြို့နယ်အတွင်း အသေးစား၊ အငယ်စားနှင့်အလတ်တန်းစား စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကွင်းဆင်း ညှိနှိုင်းဆွေးနွေး
Jul 30,2023
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစား၊ အငယ်စားနှင့်အလတ်တန်းစား စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်လျက်ရှိရာ လုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပင်လောင်းကြီကျေးရွာအုပ်စုနှင့် ပင်မွန်းကျေးရွာအုပ်စုတွင် ယမန်နေ့က ကွင်းဆင်းညှိနှိုင်းဆောင်ရွက်ခဲ့သည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် ကောက်စိုက်စက် နောက်တွဲမျိုးစေ့ချကိရိယာဖြင့် အစိုသမန်းပြင်တွင် မျိုးစေ့ချစိုက်ပျိုးသရုပ်ပြပွဲသို့တက်ရောက်
Jul 30,2023
ကောက်စိုက်စက်နောက်တွဲမျိုးစေ့ချကိရိယာဖြင့် အစိုသမန်းပြင်တွင် မျိုးစေ့ချစိုက်ပျိုးသရုပ်ပြပွဲကို ဇေယျာသီရိမြို့နယ်၊ သစ်တပ်ကျေးရွာအုပ်စု၊ ကြို့ပင်ကျေးရွာတွင် ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် တက်ရောက် အမှာစကားပြောကြားခဲ့သည်။
ကာလိမြို့ အ-လ-က(ကျိုင်းလွန်း)ကျောင်းတွင် မြတ်ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ
Jul 30,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၊ အခြေခံပညာအလယ်တန်း(ကျိုင်းလွန်း)ကျောင်းတွင် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က အဆိုပါကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လားရှိုးမြို့ ပုညဝဎနဆွမ်းအလှူရှင်များမှ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းတွင် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း
Jul 30,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ ပုညဝဎနဆွမ်းအလှူရှင်များမှ ဝါဆိုသင်္ကန်းဆက်ကပ်ပွဲကို ယနေ့ နံနက်ပိုင်းက ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
မော်လမြိုင်မြို့နယ် သဘင်အစည်းအရုံး၌ (၄၂)ကြိမ်မြောက် သက်ကြီးပူဇော်ပွဲအခမ်းအနားကျင်းပ
Jul 30,2023
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် သဘင်အစည်းအရုံး၏ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ၄၂ ကြိမ်မြောက် သက်ကြီးပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်သဘင်အစည်းအရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းရယ်မြို့နယ် ဌာနဆိုင်ရာများနှင့် အလှူရှင်များစုပေါင်း၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း
Jul 30,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ရပ်မိ၊ ရပ်ဖ အလှူရှင်များစုပေါင်း၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၃)ရပ်ကွက်၊ ဆိုင်မိန်းဘုန်းတော်ကြီးကျောင်းတိုက်၊ ဓမ္မာရုံ၌ပြုလုပ်သည်။