သာပေါင်းမြို့နယ်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မိုးသက်လေပြင်းဘေးကြောင့် နေအိမ်အမိုးလန် မိသားစုများအား ဆန်ရိက္ခာနှင့်အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ပေးအပ်

သာပေါင်း ဇူလိုင် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ဇူလိုင်လ ၂၇ ရက်နေ့က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၂)လုံး အမိုးလန်ပျက်စီးခဲ့ရသည့် မိသားစုများအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဇူလိုင်လ ၂၈ ရက်နေ့၊ ညနေ ၃ နာရီခွဲအချိန်က ဆန်ရိက္ခာနှင့်အိမ်ဆောက်ပစ္စည်းဖိုးများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ငဝန်ဒေါင့်ကြီး ကျေးရွာအုပ်စု၊ ငဝန်ဒေါင့်ကြီးကျေးရွာ၊ သပြုငူကျေးရွာတို့၌ မိုးသက်လေပြင်းဘေးကြောင့် အမိုးလန်ပျက်စီးနေအိမ်(၂)လုံးရှိ အိမ်ထောင်စု(၂)စုမှ လူဦးရေ(၇)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ တို့ကို မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ ဘေးသင့်မိသားစုများ လက်ဝယ်သို့ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း (သာပေါင်း ပြန်/ဆက်)