သတင်းများ

ကြံခင်းမြို့နယ် မုခ်ထုပ်ကျောင်းတိုက်တွင် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း
Jul 31,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် ဝါတွင်းကာလ ဝါဆိုသင်္ကန်းကပ်လှူဒါန်းခြင်းများကျင်းပကြရာ  မြို့နယ်ရဲတပ်ဖွဲ့(ကြီးကြပ်ကွပ်ကဲမှု)အောက်ရှိ ရဲစခန်း၊ ရဲကင်းမိသားစုများစုပေါင်း ဝါဆိုသင်္ကန်းကပ်လှူခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က ကြံခင်းမြို့နယ် ၊ ရွာသစ်ရပ်ကွက်၊ မုခ်ထုပ်ကျောင်းတိုက်တွင် လှူဒါန်းခဲ့ကြသည်။
ကျိုက်လတ်၌ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) ရန်ပုံငွေများအား ကျေးရွာများသို့ လွှဲပြောင်းပေးအပ်
Jul 31,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် မြစိမ်းရောင် ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေများအား ကျေးရွာများသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွေဝါလတ်ခန်းမ၌ ကျင်းပခဲ့သည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော သွင်းအားစု ပေးအပ်ပွဲအခမ်းအနားကျင်းပ
Jul 31,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်လိုအပ်သော သွင်းအားစုပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင်ကျင်းပသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဗန်းမော်ခရိုင် မိုးမောက်-လွယ်ဂျယ်လမ်းပိုင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ သတ်မှတ်ချိန်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေး
Jul 31,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊မိုးမောက်မြို့နယ် လွယ်ဂျယ်နယ်စပ်မြို့နှင့် တရုတ်ပြည်သူ့သမ္မ တနိုင်ငံ၊ တယ်ဟုန်ပြည်နယ်ခွဲ၊ လုံချွန်ခရိုင်နှင့် ဆက်သွယ်ထားသော နယ်စပ်ကုန်သွယ်ရေးလမ်း တစ်ခုဖြစ်သည့် မိုးမောက် - လွယ်ဂျယ်လမ်းပိုင်း (၄၇)မိုင် (၇)ဖာလုံအား အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် အချိန်မီပြီးစီးအောင်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၃၁ ရက် နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။
မင်းလှမြို့တွင် ဝါဝင်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ
Jul 31,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင်နှစ်စဉ်ကျင်းပလျက်ရှိသည့် ဝါဝင်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို အမှတ်(၆)ရပ်ကွက်၊ မြို့လယ်ဓမ္မာရုံဘုရားကြီး၌ ဇူလိုင် ၃၁ ရက်နေ့၊ နေ့လယ် ၁ နာရီချိန်ကကျင်းပပြုလုပ်ခဲ့သည်။
နတ်တလင်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါး ထွန်တုံးပိတ် စိုက်ပျိုးပွဲပြုလုပ်
Jul 31,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခုနှစ် မိုးစပါး ထွန်တုံးပိတ်စိုက်ပျိုးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က သက်ငယ်ပြင်ကျေးရွာ တောင်သူဦးသိန်းဌေး၏ ကွင်းအမှတ် ၂၆၂၊ လယ်ဧက(၁၅)ဧကတွင် ကျင်းပပြုလုပ်ခဲ့သည်။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင်လှူခြင်းအခမ်းအနားသို့ တက်ရောက်ကြမည့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများအား အာရုံဆွမ်းဆက်ကပ်လှူဒါန်း
Jul 31,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထားကိုးကွယ်လျက်ရှိသည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင်လှူခြင်း၊ ကျောက်စာရုံစေတီများ ထီးတော်တင်လှူခြင်းနှင့် ရေစက်ချအခမ်းအနားများကို
မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ကျုံပါကျေးရွာ၌ လူနေအိမ်အချို့ ထိခိုက်ပျက်စီး
Jul 31,2023
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင် ယနေ့နံနက် ၁၁ နာရီခွဲအချိန်ခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခိုက်မှုကြောင့် ကျုံပါကျေးရွာအုပ်စု၊ ကျုံပါကျေးရွာရှိ လူနေအိမ်(၆)လုံး လေဘေးသင့်ကာ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။