သတင်းများ

တန့်ယန်းမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း
Jul 31,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၏ ဘုရားအနေကဇာတင်ခြင်းနှင့် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့ နံနက် ၁၀ နာရီက သုံးထပ်ကျောင်းဆောင်ရှိ ဘုရားခန်း၌ ကျင်းပပြုလုပ် လှူဒါန်းခဲ့သည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး  ပျဉ်းမနားမြို့နယ်အတွင်းရှိ စက်ရုံပရဟိတဘုန်းတော်ကြီး ကျောင်းသို့သွားရောက်၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပြီး ကျောင်းတိုက်အတွင်း၊ အပြင် သန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုကြည့်ရှုအားပေး
Jul 31,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် ဝါတွင်းကာလအတွင်း ဝါဆိုဝါကပ်တော်မူကြသည့် ဆရာတော်သံဃာတော်များ စိတ်နှလုံးချမ်းမြေ့စွာဖြင့် တရားဘာဝနာများ ကျင့်ကြံအားထုတ်ပွားများနိုင်စေရန်အတွက်ရည်ရွယ်၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျောင်းတိုက်အတွင်း၊ အပြင် သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်  နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်သန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပျဉ်းမနားမြို့နယ်အတွင်းရှိ စက်ရုံပရဟိတ ကျောင်းတိုက်သို့သွားရောက်၍ စက်ရုံပရဟိတကျောင်းတိုက် ပဓာနနာယက ဆရာတော်    ဘဒ္ဒန္တဇောတိက အား ဖူးမြော်ကြည်ညိုပြီး ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
နမ္မတူတွင် ရာသီပေါ်အစားအစာ ဝါးရုံမှိုရှာဖွေရောင်းချသည့် တောင်သူများ မိသားစုအပိုဝင်ငွေ ရရှိ
Jul 31,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ဟင်းအဖြစ် ကြော်စား၊ ချက်စား၍ စားရသော ရာသီပေါ်အစားအစာ ဝါးရုံမှိုရှာဖွေရောင်းချသည့် တောင်သူများ အပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
အမ်းမြို့၌ ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ ဝါဆိုသင်္ကန်းများကပ်လှူခြင်း နှင့်ဘုန်းတော်ကြီးကျောင်းများ၌ စု‌ပေါင်းသန့်ရှင်းရေးဆောင်ရွက်
Jul 31,2023
 ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်လမ်းညွှန်မှုဖြင့် မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့်ကျေးရွာအုပ်စုများရှိ ဘုန်းတော်ကြီးကျောင်းများတွင် ဝါတွင်းကာလ စိတ်ချမ်းမြေ့စွာ သီတင်းသုံးနိုင်ရန်အတွက်ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများက မြို့ပေါ်နှင့်မြို့နီးကျောင်း(၂၆)ကျောင်း၊ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ရပ်ကွက်ကျေးရွာအုပ်စုများ ရှိဘုန်းတော်ကြီးကျောင်း(၃၆)ကျောင်းနှင့် သာသနိက အဆောက်အဦများတွင် သန့်ရှင်းသာယာလှပ​ရေး စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ကာ ဝါဆိုသ င်္ကန်းများနှင့်လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်း ခြင်းများကိုယမန်နေ့မှစ၍ ကပ်လှူ ပူဇော်ကုသိုလ်ယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မာရဝိဇယရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓဘိသေကအနေနကဇာတင်နှင့် ဗုဒ္ဓပူဇနိယပွဲတော် မဟာ အခမ်းအနားသို့ ကြွရောက်မည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ဆရာတော်ကြီးများအား အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တွင် ဝါဆိုသင်္ကန်းနှင့်နေ့ဆွမ်းဆက်ကပ်လှူဒါန်း
Jul 31,2023
မာရဝိဇယရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓဘိသေကအနေနကဇာတင်နှင့် ဗုဒ္ဓပူဇနိယပွဲတော် မဟာအခမ်းအနားသို့ ကြွရောက်မည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ဆရာတော်ကြီးများအား အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိ ရွှေလီရိပ်သာခန်းမတွင် ဝါဆိုသင်္ကန်းနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်းခြင်းကို ယနေ့နံနက်(၁၀) နာရီအချိန်က ကျင်းပခဲ့သည်။
နမ့်ဆန့်မြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း (ကျန်းမာရေးဌာန)က စီမံကိန်းဝင် ကျေးရွာများအား အရင်းမပျောက်မတည်ရန်ပုံငွေပေးအပ်ခြင်းအခမ်းအနား ပြုလုပ်
Jul 31,2023
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း(ကျန်းမာရေးဌာန) ရပ်ရွာလူထုအားလုံးပါဝင်သော ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းရှိသည့် ကျေးရွာများတည်ဆောက်ခြင်းစီမံချက်မှ စီမံကိန်းကျေးရွာဝင် (၁၀)ရွာအား ယမန်နေ့မွန်းလွဲ (၂)နာရီအချိန်က မြန်မာနိုင်ငံကြက်ခြေနီအသင်း (ကျန်းမာရေးဌာန) မြို့နယ်စီမံချက်ရုံးတွင် အရင်းမပျောက် မတည်ရန်ပုံငွေပေးအပ်ခြင်းအခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။
အမ်းမြို့နယ် လေယာဥ်ကွင်းရပ် ကွက် အောင်​​​ဇေယျလမ်းရှိ ဓမသုခဘုန်းကြီးကျောင်းတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
Jul 31,2023
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ် လေယာဥ်ကွင်းရပ်ကွက် အောင်​​​ဇေယျလမ်းရှိ ဓမသုခဘုန်းကြီးကျောင်းတွင် စုပေါင်းသန့်ရှင်းရေးကို ယနေ့နံနက်ပိုင်းက ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများစုပေါင်း၍ ဆောင်ရွက်ကြသည်။
ချောက်မြို့မ​စျေး၌ ပလတ်စတစ်​လျော့ချ​ရေး ကွင်းဆင်း စစ်​ဆေး
Jul 31,2023
မ​ကွေးတိုင်း​ဒေသကြီး၊ ​ချောက်ခရိုင်၊​ ချောက်မြို့မ​စျေး၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်လျော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ အပတ်စဉ် တနင်္လာနေ့တိုင်း "ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်များ မသုံးစွဲရေးနေ့" သတ်မှတ်၍ ယ​နေ့နံနက် ၉ နာရီက ကွင်းဆင်း စစ်​ဆေးခဲ့သည်။