သင်္ဃန်းကျွန်းမြို့နယ်တွင် ပြည်သူများအား MEVM မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းပြုလုပ်

သင်္ဃန်းကျွန်း စက်တင်ဘာ ၉

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏လမ်းညွှန်မှုဖြင့် ရွှေနားပန်ဘုရားဓမ္မာရုံတွင် (ဇ-မြောက်)ရပ်ကွက်ရှိ ရပ် ကွက်နေပြည်သူများအား သင်္ဃန်းကျွန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက မဲဆန္ဒရှင်ပြည်သူများအား MEVM  မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအစီအစဥ်အား ယနေ့နံနက် ၉း၃၀ အချိန်မှ ညနေ ၃း၀၀ အချိန်ထိ ကျင်းပပြုလုပ်မည်ဟုသိရသည်။

MEVM မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် စမ်းသပ်မဲပေးခြင်းအခမ်းအနားတွင် သင်္ဃန်းကျွန်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးမျိုးမြင့်က ရွေး ကောက်ပွဲနှင့်သက်ဆိုင်သည်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် သင်္ဃန်းကျွန်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက တာဝန်ရှိသူတစ်ဦးက MEVM မဲပေးစက်ဆိုင်ရာများအား ရှင်းလင်းပြောကြားပြီး ပြည်သူများက MEVM မဲပေးစက်တွင် လက်တွေ့စမ်းသပ်မဲပေးခဲ့ကြသည်။

အခမ်းအနားသို့ သင်္ဃန်းကျွန်းမြို့နယ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ တာဝန်ရှိသူများ၊ သင်္ဃန်းကျွန်းမြို့နယ် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးအုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်း၊ သင်္ဃန်းကျွန်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးမျိုးမြင့်၊ သင်္ဃန်းကျွန်းမြို့နယ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ ရပ်ကွက်ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ဇော်မိုး(သင်္ဃန်းကျွန်း)