နတ်တလင်းမြို့နယ်၌ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်

နတ်တလင်း စက်တင်ဘာ ၉

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါလက်တွေ့စမ်းသပ်မဲပေးခြင်း ကို မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှဦးစီးအရာရှိ ဒေါ်မေလမင်းထွန်းက မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)အကြောင်းအား ရှင်းလင်းပြသပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှဦးစီးအရာရှိနှင့် ဝန်ထမ်းများမှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေစိုးနှင့် ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ စာရေးဝန်ထမ်း၊ ရပ်ကွက်နေပြည်သူများအား မြန်မာအီလက်ထရောနစ်စနစ်မဲပေးစက် (MEVM) အား ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို လက်တွေ့သရုပ်ပြဆောင်ရွက်စေပြီး လက်တွေ့သရုပ်ပြဆန္ဒမဲပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဝေယံဖြိုး (ပြန်/ဆက်)