ဒလ စက်တင်ဘာ ၉
ဒလမြို့နယ် အခွန်ဦးစီးဌာနမှူးရုံးအနေဖြင့် ၂၀၂၅ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအပါအဝင် တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက ဒလမြို့နယ် အခွန်ဦးစီးဌာနမှူးရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးခင်မောင်စိုးက အခွန်ဆိုင်ရာသိသင့်သိထိုက်သည်များကို ရှင်းလင်းဆွေးနွေးရာ တက်ရောက်လာသည့် လုပ်ငန်းရှင်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲသို့ လုပ်ငန်းရှင်အခွန်ထမ်း (၄၅) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ခင်စန္ဒာမြင့် (ပြန်/ဆက်)