ကသာမြို့ဘုန်းတော်ကြီးသင် အခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းစာကြည့်တိုက်ဖွင့်ပွဲပြုလုပ်

ကသာ စက်တင်ဘာ ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့ဘုန်းတော်ကြီးသင် အခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းသား/ ကျောင်းသူများစာ‌ပေဗဟုသုတများ‌ လေ့လာဖတ်ရှုနိုင်ရန်၊ အချိန်ကိုအကျိုးရှိရှိ အသုံးချတတ်စေရန်ရည်ရွယ်၍ ကျောင်းစာကြည့်တိုက်ကို ယနေ့နံနက်(၁၁)နာရီအချိန်က ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်။

အဆိုပါဖွင့်ပွဲအခမ်းအနားကို တောင်ပေါ်ဘုန်းတော်ကြီးကျောင်းတိုက် ဆရာတော်ဦးဇာနတ္တရ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ငြိမ်းအိအိဖြိုး၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ အဖွဲ့ဝင်များက တောင်ပေါ်ဘုန်း‌တော်ကြီးကျောင်းဝင်းအတွင်းရှိ ကျောင်းစာကြည့်တိုက်ရှေ့တွင် ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ငြိမ်းအိအိဖြိုးက ကျောင်းစာကြည့်တိုက်ဖွင့်ပွဲတွင် ကျောင်းသား/ ကျောင်းသူများအား "စာပေဖတ်ရှုရခြင်း၏ အကျိုးကျေးဇူး" များအ‌ကြောင်းဆွေးနွေးဟောပြောခဲ့သည်။

ယင်းအခမ်းအနားသို့ တောင်ပေါ်ဘုန်းတော်ကြီးကျောင်းတိုက်ဆရာတော်၊ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ခရိုင်/မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှ အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့မှ အဖွဲ့ဝင်များ၊ ကျောင်းဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်စွာ(ကသာ)