ကျောက်ဆည် ဇူလိုင် ၂၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ယနေ့ နံနက် (၁၀)နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့်နံရံကပ်စာစောင်များပြသသည်။
ဟောပြောပွဲတွင် ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်တင်တင်ထွေးက ရေဘေးအတွက်ကြိုတင်ပြင်ဆင်ရန်အချက်များ၊ ငလျင်ဘေးအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များကိုဟောပြောခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်နှင်းရီက မြေပြိုခြင်းအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ မြေပြိုမှုဖြစ်ပေါ်နေချိန်တွင် ပြုလုပ်ရန်အချက်များ၊ မြေပြိုမှုဖြစ်ပေါ်ပြီးချိန်တွင် ပြင်ဆင်ရန်အချက်များ၊ လေပြင်းဘေးအတွက် ကြိုတင် ပြင်ဆင်ရန်အချက်များ၊ လေပြင်းဘေးသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ လေပြင်းဖြစ်ပေါ်နေစဉ် အတွင်းလိုက်နာရန်အချက်များ၊ ရှောင်ရှားရမည့်အချက်များနှင့် လေပြင်းတိုက်ခိုက်ပြီးနောက်ဆောင်ရွက်ရန်အချက်များအား အသိပညာပေးဟောပြောခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေး၊ အရွယ်မရောက်သေးသောကလေး သူငယ်များစစ်မှုထမ်းခြင်းမှကာကွယ်ခြင်း၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးနံရံကပ် စာစောင်များကြည့်ရှုခဲ့ကြောင်းသိရသည်။
စုစုအေး(ကျောက်ဆည်)