ပဲခူး ဇူလိုင် ၂၇
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ပြုပြင်ထိန်းသိမ်းခြင်း ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၂၇ ရက် နံနက်ပိုင်းက ပဲခူးမြို့ ဥဿာမြို့သစ် ရပ်ကွက်ကြီး ၇ ရှိ ပဲခူးတိုင်းဒေသကြီးကော်မရှင်အဖွဲ့ခွဲရုံး၌ ကျင်းပသည်။
အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး MEVM ဆိုင်ရာ ကြီးကြပ်မှုအဖွဲ့ ဥက္ကဋ္ဌ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ညီလန်းချိုက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိန်ဝင်းက မဲပေးစက်များကို ကြားဖြတ်ရွေးကောက်ပွဲများနှင့် လာမည့် အထွေထွေရွေးကောက်ပွဲများတွင် ဆက်လက် အသုံးပြု သွားကြရမည် ဖြစ်သည့်အတွက် မဲပေးစက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များက သင်ကြားပို့ချမည့် စာတွေ့၊ လက်တွေ့ သင်ခန်းစာများကို သင်တန်းသား/သင်တန်းသူများအနေဖြင့် အထူးအလေးထား သင်ယူဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းအား ဇူလိုင်လ ၂၇ ရက်နေ့မှ ဩဂုတ်လ ၁ ရက်နေ့အထိ (၅)ရက်ကြာ ဖွင့်လှစ် သင်ကြားပို့ချသွားမည်ဖြစ်ကာ ပဲခူးတိုင်းဒေသကြီး အတွင်းရှိ
တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးများမှ သင်တန်းသား/ သူ (၂၁)ဦး အား မဲဆန္ဒရှင်စာရင်း ရှာဖွေခြင်းစနစ် (mmVoter) နှင့် မဲဆန္ဒရှင်စာရင်း
စစ်ဆေးကောက်ယူခြင်း စနစ် (Voter List Verification System – VLVS) အကြောင်းတို့ကို စာတွေ့၊ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)