နေပြည်တော်ကောင်စီနယ်မြေ

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး လယ်ဝေးမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ်၊ ကြို့ကုန်းကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၈၀၁ တောင်သူ ဦးဝင်းငြိမ်း၏ နွေစပါးစိုက်ခင်းအနီး ယာယီရှင်းလင်းဆောင်တွင် တောင်သူများနှင့် တွေ့ဆုံခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၁)(၃/၂၀၂၅) သို့  တက်ရောက်နေသည့် သင်တန်းသားများအတွက် ချီးမြှင့်ငွေပေးအပ်၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၁)(၃/၂၀၂၅)သို့ တက်ရောက်နေသည့် သင်တန်းသားများ အတွက် ချီးမြှင့်ငွေပေးအပ်ပွဲကို   ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးမင်း၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် တွဲဖက်အတွင်းရေးမှူး၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။

ပျဉ်းမနားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ပျဉ်းမနားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူလူငယ်များအား ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံထူးချွန်သည့် လူငယ်များပေါ်ထွန်းလာစေရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြာပွဲ၊ လူငယ်စာဖတ်ဝိုင်းများနှင့် အသိပညာပေးဟောပြောပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ လူငယ်ရေးရာအသိပညာပေးဟောပြောကို ကျင်းပပြုလုပ်ခဲ့သည်။

ဇေယျာသီရိမြို့နယ်အတွင်း သဘာဝဘေးကြောင့်ပျက်စီးခဲ့သောလမ်းများ ဆောင်ရွက်ပြီးစီးမှု ကွင်းဆင်း စစ်ဆေးခြင်း

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဇေယျာသီရိမြို့နယ်အတွင်း ရာဂီသဘာဝဘေးကြောင့် ပျက်စီးသွားသောလမ်းများအား တည်ဆောက်ပြီးစီးမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။

ဒက္ခိဏခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကဗျာရေးသားနည်းသင်တန်းဖွင့်လှစ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာသင်ခန်းပြင်ပ သင်ခန်းစာတွေကို လေ့လာနိုင်‌စေရန်နှင့် ကဗျာရေးသားခြင်း၏ အခြေခံသဘောတရားများကို စနစ်တကျ လေ့လာနိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းတွင် ကဗျာရေးသားနည်းသင်တန်းကို ဖွင့်လှစ်သင်ကြားခဲ့သည်။

တပ်ကုန်းမြို့နယ် သရက်ပင်ကျေးရွာ စာကြည့်တိုက်အဆောက်အဦသစ် ၉၅ ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် တဲမြင့်ကျေးရွာအုပ်စု၊ သရက်ပင်ကျေးရွာတွင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီမှ မတည်ငွေဖြင့် ဆောက်လုပ်ခဲ့သည့် စာကြည့်တိုက်အဆောက်အဦသစ်ကို သက်ဆိုင်ရာတာဝန်ရှိများက ၂၀၂၄ ခုနှစ် ဩဂုတ်၂၆ရက် နံနက်ပိုင်းမင်္ဂလာအချိန်တွင် ပန္နက်တင်ပေးခဲ့ပြီး၊ စတင်ဆောက်လုပ်ခဲ့ရာ ယနေ့နံနက်ပိုင်းထိ ၉၅ ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

တပ်ကုန်းမြို့၌ နွေရာသီ အခြေခံပန်းချီသင်တန်းဖွင့်လှစ်

နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးစေရေးနှင့် ပန်းချီရေးဆွဲနည်းကို အခြေခံနားလည်တတ်မြောက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပန်းချီပညာရှင်များ ပူးပေါင်းပြီး နွေရာသီအခြေခံပန်းချီသင်တန်း (၁/၂၀၂၅)ကို ယနေ့နံနက်ပိုင်းက စတင်၍ အဆိုပါဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန ခန်းမ၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

လယ်ဝေးမြို့နယ်အတွင်း ရာဂီမုန်တိုင်း‌ကြောင့် ပျက်စီးခဲ့သည့် ကျေးလက်လမ်းများ ဆောင်ရွက်ပြီးစီးမှု ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း ရာဂီမုန်တိုင်းကြောင့် ပျက်စီးသွားသည့်  ကျေးလက်လမ်းများ ပြန်လည်ဆောင်ရွက်ပြီးစီးမှုများအား ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။

လယ်ဝေးမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား ကျောင်းသူ ၂၅၁၆ ဦး ဝင်ရောက်ဖြေဆို

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၌ ယမန်နေ့နံနက် ၉ နာရီက ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၊ မြန်မာစာဘာသာရပ်အား စာစစ်ဌာန ၁၀ ခုတွင်  စတင်ဖြေဆိုလျက်ရှိသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် ၂၀၂၄ -၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ (Grade-12) ကျောင်းသား/ကျောင်းသူများ မြန်မာစာဘာသာရပ်ဖြေဆိုနေမှုများကို လိုက်လံကြည့်ရှုအားပေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ကော်မတီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနသို့ သွားရောက်ရှိပြီး ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ