နေပြည်တော်ကောင်စီနယ်မြေ

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းများ၊ နိုင်ငံတကာအဆင့်မီ ခရီးသွားလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် နေပြည်တော်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေအရ လုပ်ငန်းဆောင်ရွက်နေသည့် City Park အမည်ဖြင့် အဆောက်အဦများဆောက်လုပ်၍ နှစ်တို၊ နှစ်ရှည် ငှားရမ်းခြင်းလုပ်ငန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ City Park မန်နေဂျာ ဒေါ်သင်းထွဍ်သီတာက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေမှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက လုပ်ငန်းများ သတ်မှတ်အချိန် မီပြီးစီးနိုင်ရေး စနစ်တကျစီမံဆောင်ရွက်စေလိုကြောင်း၊ မြေအောက်ရေ စနစ်တကျသုံးစွဲ‌ ‌ေရးနှင့် မီးဘေးလုံခြုံ‌ရေးကို အလေးထား‌ဆောင်ရွက်စေလိုကြောင်းပြောကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ နှစ်(၈၀)ပြည့် တပ်မတော်နေ့အခမ်းအနားအတွက် လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသည့် တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအတွက် နေပြည်တော်ကောင်စီမိသားစုက ပေးအပ်လှူဒါန်းသည့် စားသောက်ဖွယ်ရာများ သွားရောက်ပေးအပ်လှူဒါန်း

နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဒုတိယမြို့တော်ဝန်၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် 230 KV ပျဉ်းမနား-နေပြည်တော်(၁) မဟာဓာတ်အားလိုင်း လိုင်းအူကြောင်းနေရာပြောင်းရွှေ့ခြင်းနှင့် တာဝါတိုင်အသစ်စိုက်ထူခြင်း(Diversion)လုပ်ငန်း၊ တာဝါတိုင်အဟောင်းပြောင်းရွှေ့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်၌ အခြေခံချည်ထိုးနည်းသင်တန်းဖွင့်လှစ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် အခြေခံချည်ထိုးနည်းသင်တန်းကို ယနေ့နံနက်ပိုင်းက အဆို ပါရုံး ပြည်သူ့စာကြည့်တိုက်၌ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။

ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ လူငယ်နှင့်အနာဂတ်ဘဝမြှင့်တင်ရေး ဆောင်းပါးများစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ငယ်ရွယ်စဉ်ကလေးဘဝမှစတင်၍ စာအုပ်စာပေနှင့် ရင်းနှီးစေရန်၊ စာကြည့်တိုက်များသို့ စဉ်ဆက်မပြတ်ဝင်ထွက်သွားလာတက်သည့် အလေ့အထများ ဖြစ်ပေါ်စေရန်၊ စဉ်းစားတွေးခေါ်မှု အားကောင်းစေရန်ရည်ရွယ်၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ်ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ယမန်နေ့မွန်းလွဲပိုင်းက စာရေးဆရာ မောင်မိုးယံရေးသားသည့် “လူငယ်နှင့်အနာဂတ်ဘဝမြှင့်တင်ရေး ဆောင်းပါးများ ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

တပ်ကုန်းမြို့၌ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဘက်စုံထူးချွန်သော ကျောင်းသားလူငယ်များ ဖြစ်ထွန်းလာစေရေးအတွက် ကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက အဆိုပါဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပရာ နေပြည်တော်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က လူငယ်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ လူငယ်အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားခဲ့သည်။

လယ်ဝေးမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာနတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လယ်ဝေးမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့နံနက် ၉ နာရီက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပသည်။

ပုဗ္ဗသီရိမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့သွားရောက်၍ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမရှိစေရေး ကြိုတင်ဆောင်ရွက်ခြင်းလုပ်ငန်းများအဖြစ် အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ခြင်းလုပ်ငန်းများကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။

တပ်ကုန်းမြို့နယ် သပြေကုန်းကျေးရွာ စာကြည့်တိုက်အဆောက်အဦ ၉၀ ရာခိုင်နှုန်းပြီးစီး

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ သပြေကုန်းကျေးရွာတွင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီမှ  မတည်ငွေဖြင့် ဆောက်လုပ်ခဲ့သည့် စာကြည့်တိုက်အဆောက်အဦသစ်ကို သက်ဆိုင်ရာတာဝန်ရှိသူများက ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၂၈ ရက် နံနက်ပိုင်း မင်္ဂလာအချိန်တွင် ပန္နက်တင်ပေးခဲ့ပြီးနောက် စတင်ဆောက်လုပ်ခဲ့ရာ  ယနေ့ထိ ၉၀ ရာခိုင်နှုန်းဆောက်လုပ်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

တပ်ကုန်းမြို့၌ နွေရာသီအခြေခံဂစ်တာသင်တန်း ဖွင့်လှစ်သင်ကြား

နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရေးနှင့် အခြေခံဂစ်တာတီးပညာရပ်ကို အခြေခံနားလည်တတ်မြောက်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဂစ်တာပညာရှင်များပူးပေါင်းပြီး နွေရာသီအခြေခံ အခြေခံဂစ်တာသင်တန်း (၁/၂၀၂၅)ကို ယမန်နေ့ ညနေ ၄နာရီက စတင်၍ အဆိုပါဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community  Centre)ခန်းမ၌ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။

နေပြည်တော်ကောင်စီဝင်ဦး‌ဇေယျာလင်း လယ်ဝေးမြို့နယ်အတွင်းရှိ MSME လုပ်ငန်းများအား ကြည့်ရှုအားပေး

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ယမန်နေ့နံနက်ပိုင်းက နေပြည်တော်စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်ဦး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ်၊ အေလာသရက်တောစာသင်တိုက်၌ မတ်လ ၉ ရက်နေ့မှ ဧပြီ ၈ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားလျက်ရှိသော နွေရာသီယဉ်ကျေးလိမ္မာသင်တန်းသို့ တက်ရောက်လျက်ရှိသည့် ကလေးငယ် ၄၀၀ ဦးခန့် သင်ကြားနေမှုအခြေအနေများအား ကြည့်ရှုအားပေးခဲ့သည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ