ပျဉ်းမနားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ပျဉ်းမနား မတ် ၁၈

ပျဉ်းမနားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူလူငယ်များအား ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံထူးချွန်သည့် လူငယ်များပေါ်ထွန်းလာစေရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြာပွဲ၊ လူငယ်စာဖတ်ဝိုင်းများနှင့် အသိပညာပေးဟောပြောပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ လူငယ်ရေးရာအသိပညာပေးဟောပြောကို ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ နေပြည်တော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က လူငယ်အသိပညာပေးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများ၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ လူငယ်အကျိုးပြုလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားသည်။

ဆက်လက်၍ စာရေးဆရာ အကြီးကိုကို(ကသာ)က ပျဉ်းမနားမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်အတွက် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းရာ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းလွင်က လက်ခံရယူခဲ့သည်။

ယင်းနောက် စာရေးဆရာ အကြီးကိုကို(ကသာ)က “ပထမတန်းစားလူ၊ ပထမတန်းစားနိုင်ငံ” ခေါင်းစဉ်ဖြင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောဆွေးနွေးခဲ့သည်။

ယင်းနောက် ဟောပြောပွဲအခမ်းအနားသို့တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူ လူငယ်များက ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် လူငယ်အသိပညာပေးနံရံကပ်ပြဘုတ်များကို လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)