တပ်ကုန်းမြို့၌ နွေရာသီ အခြေခံပန်းချီသင်တန်းဖွင့်လှစ်

တပ်ကုန်း မတ် ၁၈

နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးစေရေးနှင့် ပန်းချီရေးဆွဲနည်းကို အခြေခံနားလည်တတ်မြောက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပန်းချီပညာရှင်များ ပူးပေါင်းပြီး နွေရာသီအခြေခံပန်းချီသင်တန်း (၁/၂၀၂၅)ကို ယနေ့နံနက်ပိုင်းက စတင်၍ အဆိုပါဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန ခန်းမ၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

အဆိုပါသင်တန်းတွင် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က ပန်းချီသင်တန်းဖွင့်လှစ်သင်ကြားရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီးနောက် ပန်းချီသင်တန်းနည်းပြဆရာမ ဒေါ်ရတနာထွန်းက မျဉ်းဖြောင့်၊ မျဉ်းမတ်၊ မျဉ်းကွေး ရေးဆွဲနည်းများ၊ အရာဝတ္ထုပုံသဏ္ဌာန်ရေးဆွဲနည်းများ၊ ရှုခင်းပုံရေးဆွဲနည်းများ၊ တိရစ္ဆာန်ပုံရေးဆွဲနည်းပညာရပ်တို့ကို သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ ၂၅ ဦး တက်ရောက်သင်ကြားပြီး၊ သင်တန်းကာလနှင့် သင်တန်းချိန်မှာ မတ် ၁၈ ရက်မှ ၂၆ ရက်နေ့၊ နံနက် ၁၀ နာရီမှ ၁၂ နာရီထိ စာတွေ့၊ လက်တွေ့သင်ကြားပို့ချခြင်းဖြစ်ကြောင်း သိရသည်။

တင်စိုးလွင်