လယ်ဝေး မတ် ၁၈
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း ရာဂီမုန်တိုင်းကြောင့် ပျက်စီးသွားသည့် ကျေးလက်လမ်းများ ပြန်လည်ဆောင်ရွက်ပြီးစီးမှုများအား ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
လယ်ဝေးမြို့နယ်အတွင်း ရာဂီမုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် ကျေးလက်လမ်းများအား ပြည်ထောင်စုအထွေထွေပိုလျှံရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးမှုများအား ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) စီမံကိန်းစစ်ဆေးရေးနှင့် အရည်အသွေးထိန်းသိမ်းရေးဌာနခွဲမှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဝင်းမင်းလတ် ဦးဆောင်၍ နေပြည်တော်တိုင်း၊ ခရိုင်မှတာဝန်ရှိသူများ လိုက်ပါကာ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)