နေပြည်တော်ကောင်စီနယ်မြေ

တပ်ကုန်းမြို့၌ မသန်စွမ်းလူငယ်များအတွက် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်း အမှတ်စဉ်(၁/၂၀၂၅) ဖွင့်ပွဲ အခမ်းအနားကျင်းပ

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနနှင့်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ မသန်စွမ်းလူငယ်များအတွက် ဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်း အမှတ်စဉ်(၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ လူငယ်ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုး၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ညွှန်ကြားရေးမှူးများ၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်အောင်ဌေး၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ဇမ္ဗူသီရိမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စားမေးပွဲ (Grade-12) ကျောင်းသား/ကျောင်းသူများ ဖြေဆိုနေမှုအား ကြည့်ရှုအားပေး

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်တို့သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁၄)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနသို့ သွားရောက်ရှိပြီး ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။

တပ်ကုန်းမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ (၁၇၅၈) ဦး ဖြေဆို

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တပ်ကုန်းမြို့နယ်အတွင်းရှိ စာစစ်ဌာနများ၌ ကျောင်းသား၊ ကျောင်းသူများ ယနေ့နံနက် (၉) နာရီက မြန်မာစာဘာသာရပ်အား စတင်ဖြေဆိုခဲ့ရာ စာစစ်ဌာန ရှစ်ခု၊ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူပေါင်း (၁၈၃၂) ဦး၊ ဖြေဆို သူပေါင်း (၁၇၅၈) ဦး၊ ပျက်ကွက်သူပေါင်း (၇၄) ဦး၊ (၉၅) ဒသမ (၉၆) ရာခိုင်နှုန်းဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်း ဖွင့်လှစ်

ကျောင်းသား/ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလတွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ပန်းချီအနုပညာကို စိတ်ကူးစိတ်သန်းကောင်းကောင်းဖြင့် ရေးဆွဲနိုင်စေရန်ရည်ရွယ်၍ နွေရာသီအခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို ယနေ့နံနက် (၉)နာရီခွဲက ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ ဖွင့်လှစ်ခဲ့သည်။

ဒက္ခိဏသီရိမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ ၉၆ ဒသမ ၇၇ ရာခိုင်နှုန်း ဖြေဆို

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ စာစစ်ဌာနနှစ်ခု၌ ယနေ့နံနက် ၉ နာရီတွင် ကျောင်းသား/ ကျောင်းသူများ ဖြေဆိုခဲ့ကြကြောင်း သိရသည်။

ဇေယျာသီရိမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ (၁၃၉၉) ဦး ဖြေဆို

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ စာစစ်ဌာနငါးခု၌ ယနေ့နံနက် ၉ နာရီတွင် ကျောင်းသား/ကျောင်းသူများ ဖြေဆိုကြသည်။

ပျဉ်းမနားမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ကျောင်းသား/ကျောင်းသူ ၂၂၉၄ ဦး ဖြေဆို

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ စာစစ်ဌာနငါးခု၌ ယနေ့နံနက် ၉ နာရီတွင် ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုကြသည်။

ပုဗ္ဗသီရိမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ကျောင်းသား/ကျောင်းသူ ၁၅၈၈ ဦး ဖြေဆို

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ စာစစ်ဌာနငါးခု၌ ယနေ့နံနက် ၉ နာရီတွင် ကျောင်းသား/ကျောင်းသူများ ဖြေဆိုကြသည်။

ဇမ္ဗူသီရိမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ ၉၄ ဒသမ ၉၇ ရာခိုင်နှုန်း ဖြေဆို

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ စာစစ်ဌာနများ၌ ယနေ့နံနက် ၉ နာရီတွင် ကျောင်းသား၊ ကျောင်းသူများ စတင်ဖြေဆိုကြသည်။

ဇေယျာသီရိမြို့နယ်တွင် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ လှုပ်ရှားမှုများ ဆောင်ရွက်

မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ယူနက်စကို၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း (Representative List of the Intangible Cultural Heritage of Humanity) သို့ အမည်စာရင်းတင်သွင်းနိုင်ရေးအတွက် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့များနှင့်ပတ်သက်၍ ပညာပေးအစီအစဉ်များကို  ဆောင်ရွက်လျက်ရှိရာ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မိခင်နှင့်ကလေးစောင်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက်၌ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ဆိုင်ရာ လှုပ်ရှားမှု အစီအစဉ်များ ဆောင်ရွက်ခဲ့သည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ