ဇေယျာသီရိ မတ် ၁၈
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဇေယျာသီရိမြို့နယ်အတွင်း ရာဂီသဘာဝဘေးကြောင့် ပျက်စီးသွားသောလမ်းများအား တည်ဆောက်ပြီးစီးမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ဇေယျာသီရိမြို့နယ်အတွင်း ရာဂီသဘာဝဘေးကြောင့် ပျက်စီးသွားသော ကျေးလက်လမ်းများအား ပြည်ထောင်စုအထွေထွေပိုလျှံရန်ပုံငွေ/ ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေတို့ဖြင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) စီမံကိန်းစစ်ဆေးရေးနှင့် အရည်အသွေးထိန်းသိမ်းရေးဌာနခွဲ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဝင်းမင်းလတ်နှင့်အဖွဲ့ ဦးဆောင်၍ တိုင်းဒေသကြီး၊ ခရိုင်အဆင့်တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)