တပ်ကုန်းမြို့၌ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲကျင်းပ

တပ်ကုန်း ဇွန် ၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ရှားတောကျေးရွာအုပ်စု၊ ရွှေဥဒေါင်း ကျေးရွာတွင် ရွှေမြို့နယ်မြေရဲစခန်းမှ ဦးဆောင်ကျင်းပသည့် မှုခင်းကျဆင်းရေးအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါကျေးရွာ၊ လူထုအခြေပြုခန်းမတွင် ကျင်းပသည်။

အဆိုပါဟောပြောပွဲတွင် ရွှေမြို့နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်ထွန်းနိုင်ဝင်းက အကြမ်းဖက်အဖွဲ့အစည်းများနှင့်ပါဝင်ပတ်သက်မှုမရှိစေရေး၊ အမှုရေးဖွင့်ဆောင်ရွက်ထားရှိသည့် အကြမ်းဖက်အမှုများနှင့်ပတ်သက်၍ဖြစ်စဉ်နှင့် အကြမ်းဖက်ဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊ အီလက်ထရောနစ်ဥပဒေ၊ ရာဇသတ်ကြီးဥပဒေနှင့်ပတ်သက်၍ပြစ်မှုပြစ်ဒဏ်များ၊ လူမှုကွန်ရက်အင်တာနက်ပေါ်တွင် သတင်းတု၊ သတင်းမှားများ တင်ခြင်း၊ မဖွယ်မရာတင်ခြင်း၊ နိုင်ငံရေးအရတိုက်ခိုက်ပြောဆိုခြင်းများ မဖြစ်ပေါ်စေရေး၊ အမျိုးသမီးများအကာအကွယ်ပေးသည့်ဥပဒေ၊ မူးယစ်ဆေးဝါးဥပဒေ၊ လောင်းကစားဥပဒေများ အသိပညာပေးဟောပြောခဲ့ပြီးနောက် မှုခင်းကျဆင်းရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

ထိုအသိပညာပေးဟောပြောပွဲသို့ ရှားတောအုပ်စု၊ အုပ်စုအုပ်ချုပ်ရေးမှူး၊ ရွှေဥဒေါင်းကျေးရွာ ရာအိမ်မှူးများ၊ ကျေးရွာသူ၊ ကျေးရွာသားများ စုစုပေါင်းအင်အား၂၀၀ ဦးကျော် တက်ရောက် ကြောင်း သိရသည်။

တင်စိုးလွင်