ဇမ္ဗူသီရိ ဇွန် ၄
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် မွေးမြူရေးကဏ္ဍတိုးတက်လာစေရန် ရက် (၁၀၀) စီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကျွဲ၊ နွားရောဂါကာကွယ်ဆေးများဖြစ်သည့် လည်ချောင်းကွဲရောဂါကာကွယ်ဆေး၊ ဒေါင့်သန်းရောဂါကာကွယ်ဆေး၊ ပေါင်ပုပ်လက်ပုပ်ရောဂါကာကွယ်ဆေးများ ထိုးနှံခြင်း၊ နို့စားနွားမေထုန်မဲ့သားစပ်လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းစဥ်များအနက် ၂၀၂၆ ခုနှစ် ဇွန်လ ၃ ရက်နေ့ နှင့် ၄ ရက်နေ့တို့တွင် အလျင်လိုကျေးရွာအုပ်စုနှင့် တဲကြီးကုန်းကျေးရွာအုပ်စုရှိ ကျွဲနွားကောင်ရေ ၂၈၀ ကောင်အား ပေါင်ပုပ်လက်ပုပ်ရောဂါကာကွယ်ဆေးထိုးနှံခြင်း၊ နို့စားနွားမေထုန်မဲ့သားစပ်ခြင်းစသည့်လုပ်ငန်းများကိုလည်း ဌာန၏ ကြီးကြပ်မှုနှင့် တိရစ္ဆာန်ကျန်းမာရေးလုပ်သားအဖွဲ့တို့ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
တင့်ဖူးခိုင်(ပြန်/ဆက်)