နေပြည်တော် ဇွန် ၂
၂၀၂၆ -၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိစေရေးအတွက် ဇွန် ၁ ရက် နံနက်ပိုင်းကစတင်၍ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ကာ ပညာသင်ကြားပေးနေပြီဖြစ်ကြောင်းနှင့် ကျောင်းအပ်လက်ခံထားရှိသော ကျောင်းသားကျောင်းသူများက စိတ်အေးချမ်းစွာ တက်ရောက်ပညာသင်ကြားလျက် ရှိကြောင်း သိရသည်။
အဆိုပါ အခြေခံပညာကျောင်းများတွင် ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး အတွက် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ၊ သက်ဆိုင်ရာနယ်မြေအလိုက် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျောင်းသားမိဘများက ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် ရာသီတုပ်ကွေး ၊ သွေးလွန်တုပ်ကွေးရောဂါ အန္တရာယ်ကင်းရှင်းစေရေးအတွက် ဖုံး ၊ သွန် ၊ လဲ ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း ၊ ကျောင်းတက်ချိန်နှင့် ကျောင်းဆင်းချိန်များတွင် ကျောင်းသားကျောင်းသူများ ယာဉ်အန္တရာယ်ကင်းစွာ သွားလာနိုင်ရေး အတွက် နယ်မြေယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ယာဉ်အန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများကို ကူညီဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ရှမ်းပြည်နယ်အတွင်းရှိ မိုင်းတုံမြို့နယ်၊ မိုင်းရှူးကြီးမြို့၊ နောင်ချိုမြို့နယ်နှင့် ပင်းတယမြို့နယ်တို့တွင်လည်းကောင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြန်/ဆက်