ဇမ္ဗူသီရိ ဇွန် ၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ စာကြည့်တိုက်များရေရှည်ရှင်သန် ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲနှင့် စာအုပ်လှူဒါန်းပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဦးစွာ ဇမ္ဗူသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှမြို့နယ်ဦးစီးမှူး ဒေါ်နီလာစိုးက စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေး၊ စာကြည့်တိုက်လုပ်ငန်းများ အောင်မြင်ရေး၊ ကျောင်းသား၊ ကျောင်းသူ လူငယ်များ စာကြည့်တိုက်ကိုအား ကိုးအားထားပြု တတ်စေရေးနှင့် စာဖတ်သည့် အလေ့အကျင့် ကောင်းများဖြစ်ပေါ်စေရေး၊ စာကြည့် တိုက်လုပ်ငန်း များကို စနစ်တကျဆောင်ရွက်တတ်စေရေး၊ ရပ်ကွက်ကျေးရွာ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုး တိုးတက် စေရန်အတွက် တာဝန်ရှိသူများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးစေလိုကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာကြည့်တိုက်ကော်မတီဝင်များက ရပ်ကွက်/စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသီးသီးဆွေးနွေးတင်ပြခဲ့ကြသည်။ ထို့နောက် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရပ်ကွက်/ ကျေးရွာစာကြည့်တိုက်များအတွက် စာအုပ်များအား ပေးအပ်လှူဒါန်းရာတာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သိရှိရသည်။
နီလာ(ပြန်/ဆက်)