နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့မှ ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်အတွင်း ကျေးလက်ဒေသအမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံချက်ကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်

နေပြည်တော် မေ ၃၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့မှ ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ ကျေးလက်ဒေသအ‌မျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံချက်ကျေးရွာသို့ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးပပ၊ အတွင်းရေးမှူး ဒေါ်သင်းသင်းခိုင်နှင့် အဖွဲ့ဝင်များ၊ ဇေယျာသီရိခရိုင်နှင့် ဇေယျာသီရိမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များသည် ကျည်တောင်ကျေးရွာအုပ်စု၊ ဝက်စုကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျေးလက်ဒေသအမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးအနေဖြင့် ကျေးလက်စီမံကိန်းနှင့် စဉ်ဆက်မပြတ်လှုပ်ရှားမှုအဖြစ် ကျေးရွာနေ အမျိုးသမီးဆယ်အိမ်စုမှူးများနှင့်တွေ့ဆုံခဲ့ရာ နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးပပက ကျေးလက်နေအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်ရွာများတွင် ဆောင်ရွက်ရမည့်ကဏ္ဍကြီး(၅)ရပ်ဖြစ်သည့် ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် စိမ်းလန်းစိုပြည်ရေး၊ ကူးစက်ရောဂါကာကွယ်ရေး၊ အာဟာရ၊ ပညာရေး၊ သက်ကြီးရွယ်အိုစောင့်ရှောက်ရေး အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ယင်းနောက် ကျန်းမာရေးနှင့် ပညာရေးမှ တာဝန်ရှိသူများက ကျန်းမာရေးနှင့်ပတ်သက်၍ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမရှိ‌စေရေး၊ ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်ပွားစေ‌ရေးနှင့် ကျောင်းပြင်ပရောက်ရှိနေသည့် ကျောင်းသား၊ ကျောင်းသူများအား Placement test ဖြေဆိုပြီး ကျောင်းပြန်လည်တက်ရောက်‌‌နိုင်ရေး ဆောင်ရွက်ရမည့်အချက်များအား ဆွေးနွေးပြောကြားခဲ့သည်။ ယင်းနောက် နေပြည်‌တော်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးပပနှင့် တာဝန်ရှိသူများက အမျိုးသမီးဆယ်အိမ်စုမှူးများအား စားသောက်ဖွယ်ရာပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။ ဆက်လက်၍ နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးပပနှင့် တာဝန်ရှိသူများက စီမံချက်ကျေးရွာအတွင်း အိမ်တွင်း၊ အိမ်ပြင်နှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများနှင့် မိုးရာသီကာလအတွင်း ကူးစက်ရောဂါမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်ထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် မွန်းလွဲပိုင်းတွင် ရေဆင်းကျေးရွာ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင် မူကြိုကျောင်းသို့ရောက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများအား ဝတ်စုံ၊ စာရေးကိရိယာများနှင့် အာဟာရဖြစ်မုန့်များ ပေးအပ်ခဲ့ပြီး အာဟာရကျွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထွန်းလင်း (ဇေယျာမြေ)