ဖားကန့်၌ ကိုဗစ်-၁၉ အတည်ပြုလူနာ အမှတ် ၁၇၁၂ နှင့် ရန်ကုန် - မြစ်ကြီးနား လေယာဉ်အတူစီးခဲ့သူ လေးဦးနှင့် မိသားစုဝင်များအား အသွားအလာကန့်သတ်ထားရှိ
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ ကိုဗစ်-၁၉ အတည်ပြုလူနာများနှင့် နီးကပ်ထိတွေ့မှု ရှိသူများအား စုံစမ်းဖော်ထုတ်ပြီး အသွားအလာ ကန့်သတ်စောင့်ကြည့်မှုများ ဆောင်ရွက် လျက်ရှိရာ ဖားကန့်မှ ကိုဗစ်-၁၉ အတည်ပြုလူနာ အမှတ် ၁၇၁၂ နှင့် ဩဂုတ် ၁၃ ရက်နေ့က ရန်ကုန်မှ မြစ်ကြီးနားသို့ Air Than lwin လေယာဉ်ဖြင့် လေယာဉ်တစ်စီးတည်း အတူစီးခဲ့သူ လေးဦးအပါအဝင် အတူနေမိသားစုလေးဦးတို့အား စက်တင်ဘာ ၁၀ ရက်နေ့ နံနက် ၇ နာရီတွင် ယူမာကျေးရွာရှိ အိုးအိမ်ဝန်ထမ်းအိမ်ရာ၌ အသွားအလာ ကန့်သတ် စောင့်ကြည့်ထားလိုက်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။