ထန်တလန် စက်တင်ဘာ ၁၁
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ်အတွင်း စီးနင်းလျက်ရှိသော မော်တော်ယာဉ်များ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှုရှိစေရေးနှင့် ယာဉ်မတော်တဆဖြစ်ပွားမှု လျော့နည်း စေရေးရည်ရွယ်၍ ရောင်ပြန်(sticker) ကပ်နှိပ်ပေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီက ဗိုလ်ချုပ် လမ်းဆုံး၌ အမှတ် (၁၀၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စုရုံး၊ (ထန်တလန်မြို့) မှ ယာဉ်ထိန်းရဲအုပ် စိုးဝင်းသန်းဦးဆောင်သည့် ယာဉ်ထိန်းရဲတပ်ဖွဲ့များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ ရောင်ပြန်(sticker) များ ကပ်နှိပ်ပေးခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် အမှတ်(၁၀၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့စုရုံး၊ (ထန်တလန်မြို့) မှ ယာဉ်ထိန်းရဲအုပ် စိုးဝင်းသန်းဦးဆောင်သည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက မော်တော်ဆိုင်ကယ်မောင်းနှင်သူများအား ဆိုင်ကယ်စီး ဦးထုပ်များဆောင်း၍ မောင်းနှင်သွားလာကြရန်၊ ဆိုင်ကယ်စီးလျှင် ယာဉ်မောင်းလိုင်စင်ပါရှိရန်၊ သတ်မှတ်ထားသည့် ဦးရေထက်ပို၍ စီးနှင်းခြင်းများ မပြုလုပ်ကြရန်၊ မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေသစ်ကို လိုက်နာမှုမရှိဘဲ မောင်းနှင်သွားလာသူများကိုလည်း ဥပဒေနှင့်အညီ အရေးယူသွားမည် ဖြစ်ကြောင်း အစရှိသည့်ယာဉ်အန္တရာယ်နှင့်စပ်လျဉ်း၍ ပြည်သူများအား အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)