ဖားဆောင်း စက်တင်ဘာ ၁၁
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ဆေးဝါးဖြန့်ဖြူးရောင်းချသည့် ဆေးဆိုင် ပိုင်ရှင်များအား ဆေးဝါးနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီ အချိန်က မြို့နယ်ပြည်သူ့ကျန်းမားရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ဖားဆောင်းမြို့နယ် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဥက္ကဌ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ အိဖြူသွယ်က သုံးစွဲနေသည့် ဆေးဝါးများသည် မြန်မာနိုင်ငံဆေးဝါး မှတ်ပုံတင်အမှတ် မပါရှိလျှင်သော်လည်းကောင်း၊ သုံးစွဲနေကျဆေးဝါးများ၏ အရည်အသွေးကို သံသယ ဖြစ်လျှင်သော်လည်းကောင်း၊ ဆေးဝါးသုံးစွဲ၍ ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာပါက နီးစပ်ရာ ကျန်းမာရေးဌာနနှင့်အစားအသောက်ကွပ်ကဲရေးဦးစီးဌာနသို့ သတင်းပေးပို့ရမည်ဖြစ်ကြောင်း ပြောကြား သည်။
ဆက်လက်၍ ကယားပြည်နယ်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာပြည့်ထူးမှ ကောင်းမွန်သော ဆေးဝါးရောင်းချမှုကျင့်စဉ်၊ မြို့နယ်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီများ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ ဆေးဝါးထားသိုရောင်းချမှု၊ ဆေးဝါးရောင်းချစဉ် လိုက်နာရမည့် အချက်များနှင့် ရောင်းချခြင်း မပြုရမည့်ဆေးဝါးများနှင့် ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တက်ရောက်လာသူများမှ ဖားဆောင်းမြို့နယ်အတွင်းရှိဆေးဝါးရောင်းချသည့် ဆေးဆိုင်များအား သွားရောက်စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)