မတူပီမြို့၌ ၂ နှစ်အောက်ကလေးငယ်များအား လစဉ် ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်းဆောင်ရွက်

မတူပီ      စက်တင်ဘာ        ၁၁

မတူပီမြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ စက်တင်ဘာ (၉)ရက်နှင့် (၁၀)ရက်တို့တွင်  မြို့ပေါ်(၄)ရပ်ကွက်အတွင်းရှိ အသက် (၂)နှစ်အောက် ကလေးငယ်များကို လစဉ်ပုံမှန် ကာကွယ် ဆေးထိုးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးရာတွင် အသက်(၂)လမှ ၁နှစ်ခွဲအထိ ကလေးငယ်များကို အသက်အရွယ်အလိုက် ဘီစီဂျီ၊ ဆိုဆုံ၊ ကြက်ညှာမေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ) ဦးနှောက်အမြှေး ရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပြင်းထန်အဆုပ်ရောင်၊ ဝက်သက်၊ ပိုလီယိုကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေး ပေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ ဆရာမများက အုပ်ထိန်းသူ မိခင်များ၊ ကလေးငယ်များအား ကျန်းမာရေးနှင့်  အားကစားဝန်ကြီးဌာန၏   လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း(Mask) များ တပ်ဆင်လာစေရေး၊ လူစုလူဝေး မဖြစ်စေရေးတို့ကို စီမံဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)