မချမ်းဘောမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

မချမ်းဘော   စက်တင်ဘာ   ၁၁

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်တားဆီးရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပူတာအိုခရိုင် မချမ်းဘောမြို့ ပေါ်ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါထိန်းချုပ် ကာကွယ်ရေးနှင့် ပတ်သက်သည့် အသိပညာပေးနှိုးဆော်ခြင်းကို စက်တင်ဘာလ ၉ ရက်နေ့ ညနေ(၅) နာရီက အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

အသိပေးနှိုးဆော်ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးကော်မတီ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမားရေးဌာနနှင့် တာဝန်ရှိသူတို့က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော သတိပေးနှိုးဆော်ချက် များဖြစ်သည့် သြဂုတ်လ ၁၀ ရက်နောက်ပိုင်း ရခိုင်ပြည်နယ်အတွင်းသို့ ခရီးသွားလာမှုရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနနှင့် အုပ်ချုပ်ရေးမှူးရုံးသို့ အကြောင်းကြားရန်၊ ရောဂါသံသယလက္ခဏာ များခံစားရပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်း အကြောင်းကြား သတင်းမှန် ပေးပို့ရန်၊ တစ်နိုင်ငံလုံးရှိပြည်သူများအားလုံး အနေဖြင့် ကိုဗစ်-၁၉ ရောဂါသည် ဒေသအများအပြားသို့ အရှိန်အဟုန်ဖြင့် ကူးစက်ပြန့်ပွားလာနိုင်မှုကို ထိရောက်စွာ ကာကွယ်ရန်၊ မလိုအပ်ဘဲ အိမ်ပြင်မထွက်ကြရန်၊ နေအိမ်အပြင်ထွက်တိုင်း နှာခေါင်းစည်း(Mask) များမဖြစ်မနေ တပ်ဆင်ကြရန်နှင့် စသည့် ကိုဗစ်-၁၉ နှင့် ပတ်သက်သည့် လိုက်နာဆောင်ရွက်ရန် အချက်များကို ပြည်သူများအားလုံးက ပူးပေါင်းပါဝင်ကြရန် အသံချဲ့စက်ဖြင့် မြို့ပေါ်ရပ်ကွက်များသို့ ပြည်သူများသိရှိနိုင်စေရန် လှည့်လည် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခွန်လင်းဦး( ပြန်/ဆက်)