လွယ်ဂျယ် စက်တင်ဘာ ၁၁
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ကာကွယ် ထိန်းချုပ်ရေးအတွက် မြို့အဝင် ဝိန်းခမ်းကျေးရွာ၌ ယမန်နေ့ နေ့လယ်ပိုင်းမှ စတင်၍ ခရီးသွားပြည်သူများအား ဌာနဆိုင်ရာ တာဝန်ရှိသူများက စစ်ဆေး ကြပ်မတ် လျက်ရှိကြောင်း သိရသည်။
လွယ်ဂျယ်မြို့ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆက်တိုက်ဆောင်ရွက်ရှိရာ လွယ်ဂျယ်မြို့သို့ လာရောက်ကြသည့် ခရီးသွား ပြည်သူများအား ခရီးသွားရာဇဝင် စိစစ်ခြင်း၊ ခရီးသွားများအနေဖြင့် မိမိလာရောက်ခဲ့သည့် နေရာဒေသကို အမှန်ပြောခြင်းဖြင့် မိမိလာရောက်သည့် လွယ်ဂျယ်မြို့ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကူညီရာ ရောက်နိုင်မည် ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း သွားလာနေထိုင်ရန် လိုကြောင်း၊ လွယ်ဂျယ်မြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးဆောင်၍ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ အလှည့်ကျဖြင့် စိစစ် ဆောင်ရွက်ခြင်း၊ အသိပညာ ပေးခြင်းများကို မြို့အဝင် ဝိန်းခမ်းကျေးရွာ၌ နေ့စဉ်လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းနိုင်(ပြန်/ဆက်)