ပင်းတယမြို့နယ်၊ ကျေးတွင်းကုန်းကျေးရွာ၌ MEVM (မြန်မာအီလက်ထရောနစ်မဲပေးစက်) ဆိုင်ရာ အသိပညာပေးခြင်း၊ လက်တွေ့စမ်းသပ်မဲပေးစေခြင်းလုပ်ငန်းများနှင့် ဒေသခံပြည်သူလူထုများနှင့်တွေ့ဆုံပွဲအခမ်းအနား ကျင်းပ
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ သရက်ကုန်းကျေးရွာအုပ်စု၊ ကျေးတွင်းကုန်းကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့နံနက် ၁၀နာရီအချိန်က MEVM (မြန်မာအီလက်ထရောနစ်မဲပေစက်) ဆိုင်ရာ အသိပညာပေးခြင်းနှင့်လက်တွေ့စမ်းသပ်မဲပေးစေခြင်းနှင့် ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။