မြောင်းမြတွင် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်း(၃/၂၀၂၆) ဖွင့်လှစ်

မြောင်းမြ ဇွန် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် မီးသတ်ဦးစီးဌာနက သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်း (၃/၂၀၂၆) ကို ယနေ့နံနက် (၉း၀၀) နာရီက မြို့နယ်မီးသတ်ဦးစီးဌာနမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါသင်တန်းဖွင့်ပွဲတွင် မြောင်းမြခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းနိုင်ဦးက သင်တန်းဖွင့်မိန့်ခွန်း အမှာစကားပြောကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုသင်တန်းတွင် နည်းပြ (၃) ဦးတို့က KTV ကာရာအို‌ကေဆိုင်များ၊ စက်ရုံ/အလုပ်ရုံလုပ်ငန်းများမှ သင်တန်းသား (၇၅) ဦးတို့အား ဇွန်လ (၁၅) ရက်နေ့မှ (၁၉) ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇေယျာ(ပြန်/ဆက်)