လဲချားမြို့၌ နိုင်ငံတော်အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့်  နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် (UID) ကွင်းဆင်းဆောင်ရွက်ပေး

လဲချား ဇွန် ၁၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံတော်အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် (UID) ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယနေ့ နံနက်ပိုင်းက အထက (လဲချား) သို့ ကွင်းဆင်း‌ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးနိုင်အောင်နှင့် ဝန်ထမ်းများက ကျောင်းသား/ ကျောင်းသူ (၉၀) ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် (UID) ကို နေ့ချင်းပြီးဆောင်ရွက်ပေးနေများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်နိုင်အောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နန်းအက်စ်ကီးမိုး၊ မြို့နယ်ရဲမှူး ရဲထွန်းသိန်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့၍ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် (UID) ကတ်များကို ကျောင်းသား၊ ကျောင်းသူများသို့ ထုတ်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)