မိုးနဲမြို့နယ်၌ အမျိုးသမီးကော်မတီလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

မိုးနဲ ဇွန် ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အမျိုးသမီးကော်မတီလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁ဝ နာရီအချိန်က မြို့နယ်က‌မ္ဘောဇခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် မြို့နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌‌ကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်က အမှာစကားပြောကြားရာတွင် မြို့နယ်အမျိုးသမီးကော်မတီ၏ ရည်မှန်းချက်လုပ်ငန်းတာဝန်များ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ကော်မတီတွင် ပါဝင်ကြသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက သတင်းအချက်အလက်များကို အပြန်အလှန်မျှဝေပေးကြရန်နှင့် ကော်မတီ၏လုပ်ငန်းလိုအပ်ချက်များအပေါ် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် ထည့်သွင်းပြောကြားခဲ့သည်။

ထိုနောက် အမျိုးသမီးကော်မတီအတွင်းရေးမှူး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ဖြိုးသန္တာထွန်းက လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းတာဝန်များနှင့် အမျိုးသမီးကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသည့် မြို့နယ်အမျိုးသမီးကော်မတီဝင်များက ကော်မတီ၏ လုပ်ငန်းများနှင့်စပ်လျဉ်း၍ ပါဝင်ဆွေးနွေးခဲ့ပြီး မြို့နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)