ကြံခင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်း ဖုံး၊ သွန်၊ လဲ၊ စစ် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကျေးလက်ကျန်းမာရေးဌာနတို့မှ ဦးဆောင်၍ ဌာနဆိုင်ရာများဖြင့်ပူးပေါင်း၍ သွေးလွန်တုပ်ကွေး ရောဂါမဖြစ်ပေါ်စေရေး၊ ပိုးလောက်လန်း မှတဆင့် ခြင်ပေါက်ပွားမှုမရှိစေရေး အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် အသိပညာပေးခြင်းတို့ကို အရှိန်အဟုန်မြှင့်ကာ ရပ်ကွက်၊ ကျေးရွာ/အုပ်စုများတွင် လိုက်လံဆောင်ရွက်ရှိကြသည်။